[Zawgyi]
27(remake)မြတ် ပြောချင်တာပြောပြီး ရှက်ရှက်ဖြင့် ကားထံခပ်သုတ်သုတ်ထွက်ခဲ့လေ၏။
ကားထဲရောက်မှ ကလေး၂ယောက်အတွက်မုန့်ထုပ်တွေကျန်ခဲ့တာသတိရသည်။ သွားပြန်ယူဖို့အပြင်ပင် သူမဘေးကားမှန်မှ ရုတ်တရပ်ပေါ်လာသော ထက်။
"ဘုရား သိကြား"
လန့်ပြီးယောင်မိတုန်းရှိသေး ထက်ဟာ သွက်လက်စွာပင် lover seat တွင်ဝင်ထိုင်လိုက်ကာ
"အကြွေးတောင်းတဲ့သူက ဘယ်ပြေးတာလဲ"
မြတ် ဘာမှပြန်မဖြေ။ အကြည့်ကိုမသိမသာလေးလွှဲရင်း
"မဆပ်နဲ့တော့ ရတယ်"
"မရပါဘူး ဆပ်မှာ"
ထက်သည်အပြောထက်အလုပ်သမားမို့ မြတ်နိုးဟန်လိုတော်ကီတွေကြွယ်မနေဘဲ မြတ်၏နှုတ်ခမ်းတို့ကို လက်ရဲဇက်ရဲပင် နမ်းလိုက်လေတော့သည်။
မြတ် တစ်ကိုယ်လုံးအေးခဲတောင့်တင်းသွား၏။ ဒုတိယမြောက်အနမ်းသည်လည်းသူမအတွက် မှင်သက်ဖွယ်အတိ။
ပထမတစ်ခေါက်ကသတိလစ်သွား၍ ဒီကလေးမရှေ့အရှက်ကွဲပြီးပြီ။ ဒီတစ်ခေါက်ကိုသမာဓိကိုမယိုင်အောင်ထိန်းရမည်။
ထက် ထံမှအတင်းရုန်းတော့ ထက်ဟာနှုတ်ခမ်းတို့ကိုခွါလိုက်ပြီး
"ဒါကအတိုးဆပ်တာ အရင်းအနေနဲ့ကဘဝကြီးကိုသိမ်းလိုက်ပါလား အန်တီ"
"လူကြီးကိုဘာတွေလာပြောနေမှန်းမသိဘူး သွားတော့"
စိတ်မဆိုးဘဲ ဆိုးသလိုလိုဟန်ဆောင်ကသူကိုအတင်းနှင်နေသည့် မြတ် ကို ထက် အသည်းယားရပါသည်။ နူးညံ့လာသည်နှင့်အမျှ ထိုလေဒီကြီးဟာပိုပိုချစ်စရာကောင်းလာသည်။
"သွားဆိုလည်းသွားမှာပေါ့"
သွားမလိုလိုလုပ်ပြီးမှထက်က မြတ်၏ပါးကိုရွှတ်ကနဲနမ်းသွားပြန်ရာ မြတ် အရှက်ပိုရပြန်သည်။
နှလုံးသားသည် ထပ်မံကာ တဆက်ဆက်ခုန်လာပြန်၏။ လေဒီကြီးအချစ်ကို ဒုတိယအကြိမ်သေသေချာချာရှာတွေ့ခဲ့ပြီ။
~~~~~
ဟန် ဟော်တယ်တွင်အလုပ်နည်းနည်းရှုပ်နေသဖြင့် ယနေ့သွန်းဆီကိုမရောက်ဖြစ်။ ဖုန်းလည်းမဆက်ရသေးပေ။
YOU ARE READING
အချစ်ကိုတွေ့ခဲ့သည်(completed)
Romanceသေလမ်းကိုလျှောက်ရမယ်ဆိုရင်တောင်မောင့်ကိုချစ်ဖို့ရွေးချယ်မယ်