Episode 30(Z+U)

15.5K 1K 45
                                    

[Zawgyi]
30

"ဒေါက်တာသွန်းကတော့ တကယ့်ကိုဒေါက်တာသွန်းပါပဲ Beri Beri ကလေးကိုတောင်ရအောင်ကယ်နိုင်တယ်"

(Beri Beri ဆိုတာ Vitamin B ချို့တဲ့လို့ဖြစ်တဲ့ရောဂါပါ ကလေးငယ်လေးတွေဆီမှာအဖြစ်များပြီး သေဆုံးမှုရာခိုင်နှုန်းများပါတယ်)

သွန်း လက်အိတ်ကလေးချွတ်နေတုန်း ဘေးမှဆရာဝန်များ၏ ချီးကျူးစကားကြောင့် ကျေကျေနပ်နပ်ပြုံးမိလေ၏။

ထိုမျှမက ကလေးတစ်ယောက်၏အသက်ကိုကယ်တင်နိုင်လိုက်သဖြင့်လည်း သွန်း ဝမ်းသာမိပါသည်။ မြတ်ကတော့ ခပ်လှမ်းလှမ်းတစ်နေရာမှ သွန်းကိုဂုဏ်ယူသော အကြည့်ဖြင့်ကြည့်နေလေ၏။

သွန်းက ငယ်ငယ်တည်းက စာတော်သလို ဆရာဝန်ဖြစ်တော့လည်း လူငယ်ပေမဲ့ပညာအတော်လေးကောင်းသည်။

ငယ်ငယ်ရွယ်ရွယ်နှင့် ဆေးခန်းလည်းအတော်အောင်မြင်သူဖြစ်၍ မြတ် သမီးကြီးကိုစိတ်တိုင်းကျဂုဏ်ယူမိ၏။ သူမ ပုံသွင်းခဲ့သလို သွန်းကဖြစ်ခဲ့သည်။ သို့ပေမဲ့ အချစ်ရေးတွင်တော့ သွန်းကမြတ်ကိုပြန်အနိုင်ယူသွားလေရဲ့။

သွန်း ထိုဆရာဝန်များကိုပြုံးပြပြီး နားနေခန်းသို့ဦးတည်လိုက်သည်။ နားနေခန်းရောက်တော့ နာရီကိုတစ်ချက်ကြည့်လိုက်ရာ သူမရုံးဆင်းချိန်တောင်ကျော်နေပြီ။

ထို့ကြောင့် ဂျူတီကုတ်ကလေးချွတ်ကာ ပစ္စည်းများသိမ်း၍ ပါကင်သို့ ခပ်သုတ်သုတ်ကလေးထွက်ခဲ့၏၊ ပါကင်တွင် ဟန့်ကားလေးကလည်းရောက်နေလေပြီ။

သူမကိုတွေ့သည်နှင့် ဟန်က သွား၃၂ချောင်းလုံးပေါ်အောင်ရယ်ပြရင်း သွန်းထံပြေးလာလေသည်။

"မမ မောင့်ကိုပေး"

သွန်းထံမှ အိတ်ကိုအတင်းဆွဲနေသည့် ဟန်ကြောင့်

"ရပါတယ် မောင်ရယ် ပေါ့ပေါ့လေးပါ"

"မောင့်ကိုပေးပါ"

သွန်း ဟန့်ထံအိတ်လေးကမ်းပေးရင်း

"ဘာလိုချင်လို့လဲ"

"ဘာကိုလည်းမမရဲ့"

"မောင် အရမ်းချွဲနေလို့လေ ပြီးတော့ ခေါ်တာလည်း မမတဲ့"

အချစ်ကိုတွေ့ခဲ့သည်(completed)Where stories live. Discover now