Episode 40(Z+U)

16.3K 1K 42
                                    

[Zawgyi]
40

"မငိုပါနဲ့ မမရယ်"

နိုးလာသည်နှင့် ဒူးလေး၂ဖက်ကိုပိုက်ကာ တစ်ရှုံ့ရှုံ့ငိုကြွေးနေသည့်အစ်မဖြစ်သူကို ယွန်း ချော့နေရသည်။
မြတ်က ဟန့်ဒဏ်ရာများကို ချုပ်ပေးနေသည်မို့ ၂ယောက်လုံးသွန်းနားတွင်မရှိ။ ယွန်း နှင့် ထက် က စောင့်ပေးနေရသည်။

"မမကြောင့်ပါ ငါကတကယ်ဂြိုဟ်မွှေတဲ့သူပဲ ငါ့ကြောင့် ပါပါးထောင်ကျတော့မှာ"

"မမကြောင့်မဟုတ်ပါဘူး ပါပါးက..သူလုပ်သင့်တာကိုလုပ်ခဲ့တာလေ"

"မမသာ မတုံးအခဲ့ရင် မမသာသန်မာခဲ့ရင် မမသာ နည်းနည်းလေးလောက်အသုံးကျခဲ့ရင် ခုလိုမဖြစ်ဘူး ယွန်းရယ် ခုတော့ ငါ့ကြောင့် ငါ့နားကသူတွေနာကျင်ရတယ်"

ယွန်း နှစ်သိမ့်နေပေမဲ့ သွန်းဟာ မျက်ရည်များကျနေဆဲ။ အရာအားလုံးကိုသူမကြောင့်လို့ခေါင်းစဉ်တပ်ကာတရုတ်မလေးပူဆွေးနေလေရဲ့။ အဖြစ်အပျက်အဖုံဖုံကိုပြန်တွေးလိုက်သည်နှင့်သွန်း၏နှလုံးအိမ်ဝယ်ပူဆွေးမှုတို့ပြည့်သည်းလာကာ နှလုံးသားသည် တစ်ဆစ်ဆစ်ဖြင့်အောင့်တက်လာ၏။

ပြန်သတိရလာတောင်ဘယ်လောက်မှမကြာသေး ခုလိုစိတ်ပူဆွေးစရာတွေထပ်တွေးရင် ပိုဆိုးမှာဆိုး၍ ယွန်းတစ်ယောက် သွန်းကိုဖက်လိုက်ကာ

"မမနဲ့မဆိုင်ဘူးလို့ အဲ့လူယုတ်မာတာလေ မမနဲ့ဘာမှမဆိုင်ဘူးနော် ပါပါးကိုလည်းပြစ်ဒဏ်လျော့အောင် မေမေက လိုက်ပေးမယ်တဲ့"

ထိုစကားကြောင့် သွန်း၏မျက်ဝန်းလေးများသည် အနည်းငယ်တောက်ပလာသည်။ ဖက်ထားသော ယွန်းထံမှ ခန္ဓာကိုယ်ကိုခွါလိုက်ပြီး

"တ တကယ်လား မေမေကလေ"

"ဟုတ်တယ် မမ စိတ်တအားမပူနဲ့တော့နော်"

စိတ်သက်သာသွားပုံလေးဖြင့် ယွန်းကိုခေါင်းငြိမ့်ပြနေသည့် သွန်းကိုကြည့်ကာ ထက် ရင်ထဲအမည်မသိခံစားချက်ကြီး။ သူမကိုယ်သူမ အတ္တကြီးသူ သူများမိသားစုကိုဖျက်စီးမိသူဟု ထက်ခံစားနေရတာလားမပြောတတ်။ ခုချိန် ထက် ငိုချင်တာပဲသိသည်။ သူမသာ မြတ်ကို မလိုက်ခဲ့လျှင် သွန်းတို့မိသားစုလေးပြန်ပေါင်းစည်းနေလောက်ပြီဟု ထက် တွေးနေမိ၏။

အချစ်ကိုတွေ့ခဲ့သည်(completed)Where stories live. Discover now