[Zawgyi]
4ယနေ့ဂျူတီမရှိသဖြင့် သွန်းဆေးခန်းပဲသွားဖြစ်မည်။ အချိန်ရ၍ ယွန်းကို ကျောင်းပါလိုက်ပို့ပေးရန်ပြောထား၏။
အဝတ်လဲမျက်နှာပြင်ဆင်ပြီးနောက် မှန်ထဲကိုကြည့်ကာ သွန်း ပြုံးမိပြန်သည်။
ပန်းနုရောင်ပြောင်ရင်ဖုံးလက်တိုလေးအားပန်းရောင်အခံတွင်အဖြူပွင့်လေးများပါသည့်ထဘီလေးဖြင့်ဝတ်ထားပုံလေးသည်လူငယ်ဆန်သလိုမြန်မာလည်းဆန်သည်။
ဆံပင်ကိုတော့ထုံးစံအတိုင်းပင်ကလစ်လေးဖြင့်လွှာဘှပ်ထား၏။ ကလစ်လေးမှာဖဲပြားပန်းနုရောင်လေးဖြစ်ရာ အဝတ်အစားနှင့်လိုက်ဖက်သည်။
Dior ရေမွှေးကို လည်ပင်းနှင့်လက်ကောက်ဝတ်တွင်သာမက အင်္ကျီတွင်ပါအနည်းငယ်ဆွတ်ပြီးနောက် မှန်ထဲကြည့်ရင်း သူမကိုယ်သူမပြန်ချီးကျူးလိုက်ပြန်သည်။
"အဟင်း ချစ်စရာကောင်းသား"
အောက်ထပ်ဆင်းလာလိုက်ကာ သူမ၏ဖိနပ်စင်မှ အသားရောင်slipper အပါးလေးကိုစီးပြီး ယွန်းကိုခေါ်ကာ ကားမောင်းထွက်ခဲ့သည်။
ဆေးခန်းရောက်တော့ ရှေ့တွင်ရပ်ထားသော ferrari အဖြူလေးကိုတွေ့လိုက်၍ ပြိုင်ကားနဲ့ဆေးခန်းလာတာ ဘယ်သူပါလိမ့်ဆိုပြီးတောင် တစ်ချက်ပြုံးမိသေးသည်။
ဆေးခန်းထဲဝင်သွားသည်နှင့် အပေါက်ဝတည့်တည့်ခုံတွင်စောင့်နေသည့်သူ၂ဦးက သွန်းကို အားရပါးရရယ်ပြနေလေ၏။
"မမြတ်နိုးဟန်"
သူမနာမည်လေးကိုရေရွတ်လိုက်သည့် သွန်းကြောင့် ဟန် သဘောကျရပါသည်။
"Morning ပါ ဒေါက်တာ"
ဟန် ဆေးခန်းအတွင်းထဲတန်းမဝင်သွားသေးဘဲ
"ဟုတ်ကဲ့ နေမကောင်းလို့လား"
"ဟန် ဗိုက်အောင့်နေလို့ပါ"
"ဪ တုံကင်နံပတ်ဘယ်လောက်လဲ"
"၁လေ ဒေါက်တာ နံပတ်၁ရဖို့အစောကြီးထလာရတာ"
အခြားလူနာများကကြည့်နေသဖြင့်
"ဒါဆို ဝင်ရအောင်လေ"
"ဟုတ်ကဲ့ ဒေါက်တာ"
ဆေးခန်းထဲရောက်ချိန် သွန်းက သူမအလုပ်စားပွဲထဲမှ နားကြပ်လေးယူနေကာ ဟန်ကတော့ စမ်းသပ်ခုတင်အနီးရှိ ခုံတွင်ထိုင်လိုက်၏။
YOU ARE READING
အချစ်ကိုတွေ့ခဲ့သည်(completed)
Romanceသေလမ်းကိုလျှောက်ရမယ်ဆိုရင်တောင်မောင့်ကိုချစ်ဖို့ရွေးချယ်မယ်