[Zawgyi]
14"ကြီးကြီးဝင်း ဘာဖြစ်နေတာလဲ"
ယွန်း အိပ်ယာမှနိုးနိုးချင်းမျက်နှာသစ်ပြီး သူမအခန်းထဲမှ ထွက်လာရာ တံခါးပိတ်ထားသောသွန်း၏အခန်းရှေ့နားလေးတွင် လက်၂ဖက်ကိုပွတ်ရင်း စိုးရိမ်ပုံပေါ်နေသော ဒေါ်ဝင်းကြောင့် စိတ်ထဲထင့်ကနဲ။
"ဆရာမကြီးလေ ရုတ်တရပ်ကြီးပြန်ရောက်လာပြီး သွန်းလေးအခန်းထဲဒေါသတကြီးဝင်သွားတယ်"
"ဟမ်"
ယွန်း၏အာမေဋိတ်သံတင်မဆုံးခင် အခန်းတံခါးကိုဝုန်းကနဲဖွင့်ပြီး မျက်နှာတင်းကာအောက်ထပ်သို့ဆင်းသွားသော မြတ်။
ယွန်း၏ရင်ထဲ ပိုလို့ပင်စိုးထိတ်မိသွားသည်။ သွန်း၏အခန်းထဲသူမပြေးဝင်သွားတော့ သွန်းဟာဒူးထောက်လျက်အနေအထားမှ ကြမ်းပေါ်သို့လဲကျသွားလေ၏။
သွန်း၏မျက်လုံးများကိုယွန်းသတိထားမိလိုက်သည်။ နာကျည်းမှုတို့ကိုအထင်းသားမြင်နေရသည်။
ယွန်း အမြန်ပြေးသွားကာ သွန်းကိုသူမရင်ခွင်ထဲထည့်လိုက်ပြီး
"မမ မမ"
ခန္ဓာကိုယ်လေးအားလှုပ်နှိုးနေတော့နိုးမလာ။
"မမ ထဦးလို့ မမ"
သွေးများပေနေသော ပါးပြင်လေးကိုလည်း ဖွဖွလေးပုတ်နှိုးနေပေမဲ့ မရ။ နဖူးမှသွေးတို့ဟာ မျက်နှာပေါ်ပေကြံနေသလို နှာခေါင်းထဲမှလည်းသွေးများထွက်နေ၍ ယွန်း လက်များတုန်လာပြီ။ ထို့ပြင် သွန်း၏ဘယ်ဘက်လက်တွင်လည်းသွေးများထွက်နေသည်။
"မမ ထပါဦး မမ ယွန်းကိုထူးဦးလေ မမ"
ယွန်း၏အသံကငိုသံပါပေါက်လာသည်။ ယွန်း၏အစ်မကိုခုလိုမြင်ရတာယွန်းလည်းနာကျင်ရပါသည်။
"မမ ထပါဦး မမ ကြီးကြီးဝင်းရေ လုပ်ပါဦး မမခေါ်လို့မရတော့ဘူး အားးမမ"
ယွန်းသည် ကလေးတစ်ယောက်လို ငိုပါငိုချလိုက်သဖြင့် ဒေါ်ဝင်းကပြာကယာပင် သူမတို့ဘေးဒူးထောက်ထိုင်လိုက်ကာ
"သွန်း သွန်း သမီးလေး ဘုရားရေ"
ဒေါ်ဝင်းပါကတုန်ကယင်ဖြစ်လာ၏။ ယွန်းဟာလည်း
သည်းသည်းထန်ထန်ငိုနေလေသည်။
YOU ARE READING
အချစ်ကိုတွေ့ခဲ့သည်(completed)
Romanceသေလမ်းကိုလျှောက်ရမယ်ဆိုရင်တောင်မောင့်ကိုချစ်ဖို့ရွေးချယ်မယ်