Episode 11(Z+U)

15.6K 1.1K 108
                                    

[Zawgyi]
11

"မ"

မကြားခဲ့ရတာကြာပြီဖြစ်သော နာမ်စား။ ထိုနာမ်စားနှင့်အတူ သူမရှေ့ရပ်နေသူမှာ လွန်ခဲ့သည့်၃နှစ်က နှလုံးသားကို ကိုင်လှုပ်ခဲ့ဖူးသော အချစ်ဦးမိန်းကလေး။

"ငယ်"

နှုတ်ခမ်းဖျားမှ ထွက်ကျလာသော ခပ်တိုးတိုးစကားလုံး။ သွန်း သူမကိုတွေ့တော့ အံ့ဩစိတ်နှင့်အတူ ရှော့ပါရချင်သွားသည်။ ကြည်နူးစရာအမှတ်တရရှိခဲ့သည်ဆိုသော်လည်း ထိတ်လန့်စရာဖြစ်ရပ်များကပါ ဒွန်တွဲနေခဲ့သည်မဟုတ်လား။

ဒေါက်တာတိမ်နှောင်းငယ်၊ သွန်းနှင့်လမ်းခွဲခဲ့ပြီးနောက် လပိုင်းမှာပင် နိုင်ငံခြားရောက်သွားကာ သတင်းအစအနမရတော့။ မရတာထက် သွန်းဘက်ကမစုံစမ်းတာဆိုပိုမှန်မည်။

၃နှစ်ကျော်ကြာပြီးနောက်မှ ထိုမိန်းကလေးဟာသွန်းရှေ့ပြန်ပေါ်လာခဲ့သည်။

ငယ် သူမအားမျက်လုံးဝိုင်းများဖြင့်ကြည့်နေသောသွန်းကိုပြုံးပြလိုက်၏။ သိပ်ကိုမြတ်နိုးခဲ့ရပါသော မ သည် ဟိုးယခင်တုန်းကလိုပင် မပြောင်းမလဲ။ သဘာဝ၏ အလှတရားများပေါင်းစပ်ထားသလို လှပနေသည့် မ ဟာ ငယ့်မျက်လုံးထဲ မြတ်နိုးစရာအပြည့်။

မ ကိုတွေ့လိုက်ရတော့ ငယ် အလွန်ပျော်မိသည်။ သို့သော် မ ကတော့ပျော်ပုံမပေါ်။

" မ အရင်လိုလှနေတုန်းပဲ"

သူမကိုအကြင်နာအပြည့်ဖြင့်ကြည့်နေသော ငယ့် ထံမှ သွန်းအကြည့်လွှဲလိုက်ကာ

"ကျေးဇူး ညီမလေး"

ဝဋ်ကြေတန်းကြေပြုံးရုံမက အကြည့်ပါလွှဲသွားသော သွန်းကြောင့် ငယ့်မျက်နှာ ကွက်ကနဲပျက်ယွင်းသွားသည်။ထို့ပြင် ညီမလေးဆိုသည့်အသုံးအနှုန်းအရသူမတို့ ချစ်သူမဖြစ်ခဲ့ခင်က အခြေအနေကိုပြန်ရောက်သွားသလိုပင်။

"ညီမလေးတဲ့လား"

ငယ် ပြုံးနေပေမဲ့ မျက်နှာမကောင်းတာသွန်းသတိထားမိသည်။ ချစ်သူများအဖြစ်ရှိခဲ့စဉ်ကသွန်း ငယ့်ကိုတကယ်ချစ်ခဲ့ပါသည်။ ယခုချိန်တွင်တော့ သွန်းသည် ငယ့်အပေါ်သံယောဇဉ်ရှိရုံသာ။

အချစ်ကိုတွေ့ခဲ့သည်(completed)Where stories live. Discover now