Episode 9(Z+U)

15.4K 1K 73
                                    

ရှည်ရှည်လေးရေးပေးထားပါတယ်

[Zawgyi]
9

"အစ္မကိုဘာအျပစ္မွမေပးဘူးဟုတ္လား"

"ဟုတ်တယ် သွန်းရေ အစ်မတော့ တကယ်အံ့ဩနေတာ"

ဒေါက်တာသက်မာဝေစကားကို သွန်း မျက်လုံးလေးအဝိုင်းသားဖြင့်နားထောင်နေမိသည်။ သူမစိတ်ထဲ သူမရော အစ်မသက်မာရော နာပြီထင်နေတာ။

ဒီလိုဆိုတော့လည်းမေမေကသဘောကောင်းသားဟုတွေးမိကာ သွန်းပြုံးမိပါသည်။ ကြမ်းပြရမ်းပြနေသော မေမေ့တွင် နှလုံးသားတော့ရှိလောက်သေးပါသည်။

သွန်း ဂျူတီရှိသဖြင့် နေ့လည်ခင်း ward ထဲရှိလူနာများကိုတစ်ချက် round လိုက်သည်။ အပြောအဆိုအမူအယာသိမ်မွေ့ချိုသာလွန်းသော သွန်းသည် လူနာများ၏ချစ်ခင်မှုကိုလည်းအတော်ရသည်။

ဂျူတီကုတ်လေးဝတ်ပြီး လူနာများအားစမ်းသပ်ပေး အားပေးစကားပြောပေးနေပုံလေးမှာ ကြည့်မဝနိုင်စရာပင်။

ဂျူတီတွင်းဖြစ်၍ရှင်းလင်းနေစေရန် သွန်းဆံပင်ကိုမချထားဘဲ ဆံထုံးလေးထုံးထားရာ လည်တိုင်ဖြူဖြူလေးသည် သွယ်လျစွာဖြင့်ဖြူထင်းနေလေ၏။

ထိုလည်တိုင်လေးထက်ဝယ် ပလက်တီနမ်ဆွဲကြိုးအတိုလေးဆွဲထားသေးပြန်ရာအတော်လိုက်ဖက်လှသည်။ လက်တွင်လည်း Alexander Christie ပန်းရောင်လေးပတ်ထားသဖြင့် သူမလက်ဖြူဖြူနုနုလေးနှင့်ကြည့်လှသည်။

သွန်းကိုဟန်ကြည့်နေရင်းပိုင်ဆိုင်ချင်စိတ်တို့သည် တားဆီးမရပေ။ သို့သော် သွန်းကိုချက်ချင်းတော့ချစ်ရေးမဆိုချင်ပါ။ ခုတွေ့ခုချစ်ဆိုသူမအချစ်အားသွန်းကအထင်သေးသွားမှာဆိုးမိသည်။

သွန်းလူနာများကြည့်ပြီးနောက် အပေါက်ဝတွင်ရပ်နေသော ဟန့်ကိုတွေ့လိုက်သဖြင့် ဟန့်အနားတိုးသွားရင်း

"ဟန် ဘယ်လိုရောက်လာတာလဲ"

"ဒေါက်တာ့ကိုလွမ်းလို့"

"ရှင်"

အူကြောင်ကြောင်လေးဖြစ်သွားပြန်သော သွန်းမျက်နှာလေးကို ဟန် အသည်းယားမိပြန်ပါသည်။

"နောက်တာပါ ဒယ်ဒီလေ ခါးကတအားနာလာလို့ဆိုပြီးအော်နေလို့ ဒေါက်တာအားရင်လိုက်ပေးလို့ရမလား"

အချစ်ကိုတွေ့ခဲ့သည်(completed)Where stories live. Discover now