Episode 36(Z+U)

14.4K 1K 155
                                    

[Zawgyi]
36

"နေမကောင်းဘူးလား သမီးကြီး မျက်နှာတော်တော်လေးမကောင်းပါလား"

ညဘက်ထမင်းဝိုင်း၌ မြတ် ကမေးလိုက်သဖြင့် သွန်း အားမပါသောအပြုံးလေးပြုံးလိုက်ကာ

"နေကောင်းပါတယ် မေမေ"

သို့ပေမဲ့ သွန်းမျက်နှာဟာ အနည်းငယ်ဖြူဖျော့နေသည်။ အသားဖြူတာထက်ကိုသွေးမရှိသလိုဖြူစုတ်စုတ်ဖြစ်နေ၍ မြတ် မသင်္ကာပါ။ ထို့အပြင် သွန်းက ဟန်လည်းမဆောင်တတ်သလို ကိုယ့်သမီးအကြောင်းမြတ်သိပါသည်။

"မေမေ့ကိုပြောစမ်းပါ သွန်းဘာဖြစ်နေတာလဲ"

"သွန်း..မဖြစ်ပါဘူး"

မြတ်ကို သွန်းစိတ်မပူစေချင်။ ထက် နှင့်လက်ထပ်ကာနီးသွန်းကြောင့်စိတ်အနှောင့်အယှက်လည်းမဖြစ်စေချင်ပါ။ ထို့ကြောင့် လိမ်လိုက်မိသည်။ သွန်းကိုယ်တိုင်လည်း တကယ်တော်တဲ့ဆရာဝန်ပဲ။ သူမကိုယ်သူမသိပါသည်။

"သွန်း ကိုခွင့်ပြုပါဦး"

သွန်းဟာမြတ်ကိုခွင့်တောင်းပြီးထမင်းစားပွဲမှထလိုက်၏။ နှလုံးသည် ထိုးအောင့်လာပြန်ရာ သွန်း မတ်တက်အနေအထားမှထိုင်ခုံနောက်ကျောကိုတစ်ချက်လက်ဖြင့်လှမ်းကိုင်လိုက်ရသည်။ မျက်နှာလည်းအတော်ပျက်သွားရာ မြတ်ရော ယွန်းပါ အလန့်တကြားထလာကြပြီး

"သွန်း လက်ဖျားတွေအေးနေတယ် နေမကောင်းဘူးမလား မေမေ့ကိုမလိမ်စမ်းပါနဲ့"

ယွန်းသည်လည်းအတော်စိုးရိမ်နေသောမျက်နှာလေးဖြင့်ကြည့်နေလေသည်။ သွန်းသူမလက်မောင်းကိုကိုင်ထားသော မြတ်ကိုပြုံးပြလိုက်ကာ

"ရင်ဘက်နည်းနည်းအောင့်ရုံပါ မေမေ သွန်း ဘာမှမဖြစ်ပါဘူး"

"On ထားတဲ့ဆေးအတိုင်းသောက်တယ်မလား သွန်းမပေါ့နဲ့နော်"

မြတ်ကစိတ်ပူနေသောအသံဖြင့်ပြောနေရာ သွန်း အားနာမိပါသည်။

"သွန်း သောက်ပါတယ် စိတ်နည်းနည်းဖိဆီးနေလို့ထင်တယ်"

သွန်းသည်အပြုံးယဲ့ယဲ့လေးဖြင့်ပြန်ပြောနေသည့်အတွက် မြတ် သက်ပြင်းအသာချမိသည်။ သူမ သမီးကြီးသည် မြုံစိစိဖြင့်ကြိတ်ခံစားတတ်သူမို့ မြတ်မေးလည်းဖြေမှာမဟုတ်။

အချစ်ကိုတွေ့ခဲ့သည်(completed)Where stories live. Discover now