Episode 31(Z+U)

15.5K 1K 64
                                    

နည်းနည်းတိုသွားပါတယ်💜

[Zawgyi]
31

"တော်တော်လန့်သွားရှာမှာ"

မြတ်က သွန်း၏ခုတင်ဘေးထောင့်လေးတွင်ထိုင်ရင်း ကရုဏာအသံဖြင့်ပြောလိုက်ရာ ယွန်းနှင့်ထက်မျက်နှာမကောင်းကြ။

ထက်ကလည်း သတင်းကြားလို့ မြတ်တို့အိမ်ကိုရောက်လာလေ၏။ ဒီလိုအချိန်မျိုးတွင် မြတ်ဘေးသူမရှိသင့်သည်။

ဟန်ကတော့ သွန်း၏လည်ပင်းမှဒဏ်ရာကို ကြည့်ရင်း လက်သီးကျစ်ကျစ်ဆုပ်ထား၏။

ထိုအချိန်တွင်ပဲ သွန်း၏မျက်လုံးလေးများပွင့်လာသဖြင့် ဟန် ချက်ချင်းသွန်းကိုပြေးထူပြေးတော့ သွန်းက ဟန့်ကိုမျက်လုံးဝိုင်းလေးများဖြင့်ကြည့်ရင်း

"မောင် ဘာမှမဖြစ်ဘူးမလား"

အမြဲတစေသူမကိုပဲစိတ်ပူပေးတတ်သည့် သူမသက်ဦးညှာကလေးကို ဟန် အချိုမြဆုံးပြုံးပြလိုက်ပြီး

"မောင် ဘာမှမဖြစ်ပါဘူး မောင့်ဒေါက်တာလေးရယ်"

"တော်သေးတာပေါ့"

အပြုံးယဲ့ယဲ့လေးဖြင့်ပြောလိုက်သော သွန်း၏ပါးနုနုကလေး၂ဖက်ကိုဟန် တယုတယကိုင်လျက်

"မောင်တောင်းပန်ပါတယ် ဒေါက်တာ့ကိုမကာကွယ်ပေးနိုင်လို့ မောင် တောင်းပန်ပါတယ် ဒေါက်တာ့ကို ဒဏ်ရာရစေခဲ့မိလို့ မောင်တကယ်တောင်း.."

ဟန့်စကားမဆုံးလိုက်မီ သွန်းဟာ သူမလက်ညှိုးလေးဖြင့် ဟန့်နှုတ်ခမ်းကိုအသာအုပ်လိုက်၏။

"ရှူး..တောင်းပန်တယ်ဆိုတဲ့စကားအစား ချစ်တယ်လို့ပဲပြောပေး"

အမိန့်ဟုမဆိုသာသော အမိန့်တော်လေးကို ဟန် တသွေမတိမ်းလိုက်နာမိပါသည်။

"ချစ်တယ် မောင့်သက်ဦးညှာလေးရယ်"

၂ယောက်တည်းတစ်ကမ္ဘာဖြစ်နေသည့် ပိုပိုကာပယ်ကို ကြည့်ရင်း ဘေးမှ မြတ်တို့ တရားပေါက်နေပါပြီ။ထို၂ယောက်မှာ သူမတို့ကိုတောင် မေ့နေပုံပင်။

အကြည့်ချင်းတွေဆုံကာ သာယာကြည်နူးနေလေရဲ့။ အမေလုပ်သူကတော့ မူးလဲသွားလို့စိတ်ပူလိုက်ရတာ မမသွန်းတို့က နိုးလာတာနဲ့ တစ်မောင်တည်းမောင်နေသည်။

အချစ်ကိုတွေ့ခဲ့သည်(completed)Where stories live. Discover now