Episode 13(Z+U)

14.9K 1K 56
                                    

ညသန်းခေါင် update ပါဗျို့

[Zawgyi]
13

"ထူးထူးဆန်းဆန်း မြတ်နိုးဟန်ကpostတွေဘာတွေတင်လို့ပါလား"

ရတနာ ဖုန်းကြည့်နေရင်း ဟန့် Facebook Acc မှ ပုံအချို့တက်လာသဖြင့် စပ်စုမိလိုက်သည်။

ပုံထဲတွင် ဟန်က ယွန်းတို့နှင့်တွဲရိုက်ထားသည့်ပုံအချို့မြင်တော့ ရတနာမျက်မှောင်ကြုံ့မိ၏။ သွန်း၏ပုံလေးများလည်းတစ်ပုံနှစ်ပုံပါလာသည်။

ဂါဝန်လေးဝတ်ထားသော ဆံပင်ရှည်ရှည်အသားဖြူဖြူလေးဖြင့်ဆရာဝန်မလေး။ ဘယ်နေရာကဘယ်လိုကြည့်ကြည့် ပြောစရာကိုမရှိအောင်လှသည်။

ရတနာ မဲ့ရွဲ့နေတုန်းပင် ဟန်က သွန်းကို ဆွဲကြိုးဆွဲပေးနေသည့် ပုံလေးပါပါလာတော့ ရတနာ့အကြည့်တို့ပိုစူးရှလာလေသည်။

မျက်နှာကိုတစ်ဝက်ပဲထည့်ရိုက်ထားပေမဲ့ မြင်ဖူးတဲ့သူဆို သွန်းပုံမှန်းသိသာ၏။  လွန်ခဲ့သောရက်က ဟန်နှင့်ထိုင်စကားပြောနေသောသွန်းကိုလည်း ရတနာ ပြန်တွေးမိသွားသည်။ အဲ့တုန်းက ရတနာတောင်သူမတို့၂ယောက်ကြည်နူးနေတာကို ကြည့်မရလို့ ထနှောင့်ခဲ့သေး။

သွန်းကို ဟန်နှင့်တွဲနေတာ ထင်ခဲ့ပေမဲ့ သွန်း၏တကယ့်ရည်းစားက ဟိန်းတဲ့လား။ ကြည့်ရတာ သွန်း နှင့် ဟန်က ဒီတိုင်းမိတ်ဆွေတွေဟု ရတနာ ထင်သည်။

ရတနာ ဟိန်း၏အသွင်အပြင်ကို ရင်ခုန်တာထက် သွန်းထံမှလုယူချင်စိတ်ကပိုများ၏။ ထို့ကြောင့် လက်ရှိချစ်သူများဖြစ်သည့်ဟိန်း နှင့် သွန်းကြားဖြတ်ဖို့ ရတနာကြံဆပါဦးမည်။

"မောနင်း ဟိန်း"

မနက်စောစောစီးစီး သူ့ထံရောက်လာသည့်ရတနာကြောင့် ဟိန်း နည်းနည်းစိတ်ထဲတစ်မျိုးဖြစ်သွားသည်။

သို့ပေမဲ့ ရတနာ့ကိုပြုံးပြလိုက်ကာ

"ရတနာ ဘာကိစ္စရှိလို့လဲ"

"ဟိန်းနော် ရတနာကကိစ္စရှိမှလာရမှာလား"

"မဟုတ်ပါဘူးဗျာ"

ဟိန်းတောင်ထိုင်ဖို့မပြောသေး ရတနာက ဆိုဖာတွင်ဝင်ထိုင်လိုက်ပြီး

အချစ်ကိုတွေ့ခဲ့သည်(completed)Where stories live. Discover now