Extra (Z+U)

18.9K 1K 35
                                    

[Zawgyi]
Extra

🎶🎶🎶

ဖုန်း alarm မြည်သံကြောင့် ဟန် နာရီကိုလှမ်းကြည့်မိသည်။ ၄နာရီထိုးပြီပဲ။ သွန်းကိုဆေးရုံသွားကြိုရဦးမည်။ သွန်းကိုကားမမောင်းခိုင်းဘဲသူမကိုယ်တိုင်ဆေးရုံလိုက်ပို့ပေးတာ နှစ်ပိုင်းတောင်ကြာခဲ့ပြီဖြစ်၏။

ချစ်သူမကျဇနီးမယားမကျဆက်ဆံရေးလေးဖြင့် နေထိုင်လာခဲ့ရာ အချိန်၃နှစ်တောင်ကျော်လေပြီ။ အချိန်တွေကြာလာသည်နှင့်အမျှမြတ်နိုးဟန်တို့အတွဲပိုပိုလည်းသဲကဲလာသည်။

အလုပ်တွေကျန်သေးပေမဲ့ အလုပ်ထက်ချစ်ရသူဆရာဝန်မလေးကပိုအရေးကြီးသည်မဟုတ်လား။ မမသွန်းကအချစ်ကြီးသလို အရစ်ကအတော်သန်သည်။ အသက်လေး၃၀ကျော်လာတော့ပါးစိပါးစပ်လည်းများလာ၏။ သို့ပေမဲ့ သွန်း ဟန့်ကိုချစ်သည့်အချစ်တို့ကတော့တုနှိုင်းဖော်ပြမရလောက်အောင်သိပ်သည်းလှသည်ကိုပြောစရာတောင်မလိုပါ။

ချစ်သူလေးကိုမစောင့်စေလိုသဖြင့် ဟန် ကားသော့ဆွဲပြီးဟော်တယ်မှခပ်သုတ်သုတ်သာထွက်ခဲ့လေသည်။

ဆေးရုံဝင်းအတွင်းကားလေးမောင်းဝင်လာသည်နှင့် ဆေးရုံအပေါက်ဝတွင်ဂျူတီကုတ်ကလေးလက်တွင်ချိတ်ကာစောင့်နေသောဆရာဝန်မလေးကြောင့် ဟန့်နှုတ်ခမ်းတို့ကအလိုလိုတွန့်ကွေးသွားရသည်။

လူလတ်ပိုင်းအသက်၃၀ကျော်လာသော်ငြား ဒေါက်တာသွန်းငွေစင်နှင်းသည်လှမြဲလှဆဲ။နုမြဲနုပျိုဆဲ။ ပြင်ဆင်ဝတ်စားပုံမှာလည်းမပြောင်းလဲပေ။

ပန်းနုရောင်ရင်စေ့ဝမ်းဆက်ကလေးကိုဝတ်ဆင်ထားပြီး ဆံပင်ကလေးကိုစည်းထား၏။ သွန်းဟာဆေးရုံသွားလျှင်ဆံပင်ကိုမဖြန့်။ နေရရှုပ်သည့်အပြင်ဆံပင်တွင်ပိုးမွှားများကပ်တတ်သည်။ ခွဲစိတ်ခန်းဝင်ပြီးဆိုပါက ဆံပင်တစ်မွှေးလေးတောင်မကျအောင် cup ကိုသေချာစောင်းရ၏။ လူနာအတွက်ရောဆရာဝန်အတွက်ပါဘေးကင်းဖို့လိုအပ်သည်။

ဟန့်ကားကိုမြင်သည်နှင့် ဒေါက်တာတရုတ်မလေးသည် ကျေကျေနပ်နပ်ပြုံးကာ ထိုကားလေးဆီခပ်သွက်သွက်ခြေလှမ်းလေးများဖြင့်လှမ်းလာလေသည်။

အချစ်ကိုတွေ့ခဲ့သည်(completed)Where stories live. Discover now