Episode 18(Z+U)

17K 1.2K 86
                                    

[Zawgyi]
18

"တောက် မြတ်နိုးဟန်"

ဖုန်းကြည့်ရင်း စိတ်တိုနေသူမှာ အခြားသူတော့မဟုတ် ဒေါက်တာသွန်းငွေစင်နှင်းပင်။

ဖုန်းထဲတွင် T8 hair salon ၌ ဟန် ကေသွားရွှိုင်းသော video။

"ဆံပင်ကိုဘယ်လိုလုပ်ချင်လဲ"

"နည်းနည်းသပ်ရပ်သွားအောင်"

"ခုလည်းမိုက်ပါတယ် ညီမရဲ့"

"ပိုမိုက်အောင်လုပ်ပေးလေ"

"ဟုတ်ပါပြီ ညီမtype က အရမ်းcool ဖြစ်တော့ ကောင်မလေးတွေကြွေကျသွားအောင်လုပ်ပေးလိုက်မယ်နော်"

Hair stylist ကောင်မလေးပြောတာကိုပြုံးဖြဲပြီးနားထောင်နေသော ဟန့်ကို သွန်းအနားရှိရင် ထထုပစ်ချင်သည်။

ကောင်မလေးတွေကြွေအောင်လုပ်ပေးမယ်ဆိုတော့ ဖြစ်သွားတဲ့ရုပ်ကို ကြည့်ပြီး သွန်း ကလိကလိဖြစ်နေ၏။ ကောင်မလေးရှိပါတယ်လို့ပြောလိုက်ရင် စော်ကြည်နှုန်းကျမှာဆိုးလို့မပြောတာလား။

ဟန်က video ကိုအသည်းပေးထားသေး၍ သွန်း အံလေးကြိတ်မိပြန်သည်။

သွန်း စိတ်တိုတိုဖြင့် ကောမန့်တွေလိုက်ဖတ်တော့ ပိုလို့တောင် စိတ်တိုရ၏။

"ချောလိုက်တာ ကွေးတော့မယ်"

"မမအတွက်သာဆို ဘော်တွမ်လည်းထိုင်နိုင်ပါတယ်"

"ချစ်တယ် မမရေ ကွေးဆိုကွေးပေးပါ့မယ်"

"ဟာ မိန်းကလေးတွေချည်းပဲကြွေတာလား ကျွန်တော်တို့အမျိုးသားထုလည်းကြွေတယ်လေဗျာ"

သွန်း ဆက်မဖတ်တော့ဘဲ ဖုန်းကိုခပ်ဆောင့်ဆောင့်လေးချကာ ဆူပုတ်ပြီးထိုင်နေ၏။ ယွန်းကတော့ ဘေးမှ ကြိတ်ဝမ်းသာနေလေသည်။

ထို video ကိုပြလိုက်သူမှာလည်းယွန်းပင်။ အတွဲတွေကိုမျက်စိနောက်လို့ ယွန်းဆေးထိုးမိလိုက်ပြီ။

မနေ့က သွန်း night duty ရှိလို့ ဟန်နှင့်မတွေ့ဖြစ်။သူမနှင့်မတွေ့ချိန် ဟန်က အဲ့ကိုရောက်သွားတာထင်သည်။

သွန်း ယနေ့တော့ညနေခင်းအားသည်။ ဆေးရုံသွားဖို့ ပြင်နေတုန်းရှိသေး ယွန်းက vd တစ်ခုလာပြသဖြင့်ကြည့်လိုက်ရာ စိတ်ကမကြညိတော့။

အချစ်ကိုတွေ့ခဲ့သည်(completed)Where stories live. Discover now