Episode 24(Z+U)

15.8K 1.1K 40
                                    

[Zawgyi]
24

"မြတ်"

မြတ် အခန်းပြင်အထွက် တံခါးနောက်မှထွက်ပေါ်လာသည့်အသံကြောင့် မျက်နှာသည်တင်းမာသွား၏။

လှည့်မကြည့်ဘဲ ခြေလှမ်းတို့ကိုရှေ့ဆက်လိုက်တော့ သူမလက်ကိုလာကိုင်သည့်တစ်စုံတစ်ယောက်။

မြတ် ချက်ချင်းသူ့လက်ကိုလွှတ်ချလိုက်တော့ ဦးလွှမ်းထက် မျက်နှာလုံးဝညှိုးကျသွားလေသည်။

"မြတ် ကိုယ်တောင်းပန်ပါတယ်"

သူ့စကားကြောင့် မြတ်သည် မဲ့ပြုံးပြုံးလိုက်၏။

"တောင်းပန်ပါတယ်လို့ပြောတတ်သားပဲ"

"ကိုယ် မှားခဲ့ပါတယ် ကိုယ် တကယ်တော့..."

မြတ် နားမထောင်ဘဲ လှည့်ထွက်လာလိုက်သည်။ သူ့ထံမှ မြတ် ဘာကိုမှနားမထောင်လိုပါ။ သူ မြတ်ကို ဖောက်ပြန်ခဲ့တာနဲ့ပင် မြတ်တို့ဇာတ်လမ်းပြီးပြီ။

ဦးလွှမ်းထက် မြတ်ကိုမတားတော့ပေ။ သူ့အမှားသိပ်ကြီးခဲ့သည်မဟုတ်လား။

ဦးလွှမ်းထက်ဆိုသော သူသည်လူပျိုဘဝက ပျိုတိုင်းကြိုက်သည့်နှင်းဆီခိုင်တစ်ယောက်။ ခုခေတ်စကားအရဆို အဆင်တစ်ယောက်ဖြစ်သည့်အပြင် မိဘလည်းအတန်အသင့်ချမ်းသာသူ။

သူက ရန်ကုန်တက္ကသိုလ်ကပေမဲ့ ဆေးကျောင်းသူလေးမြတ်သိင်္ဂီစိုးကို မြင်မြင်ချင်းချစ်မိခဲ့သည်။

မြတ်သည်လည်း ပွင့်သစ်စပန်းလေးလိုလှပသူတစ်ယောက်ပေ။ မိဘနောက်ခံမှာဦးလွှမ်းထက် ထက်တောင် တောင့်တင်း၏။

ထိုသူ၂ယောက်အကြောင်းပါကာ ချစ်ကြိုက်ခဲ့ကြပြီး မြတ် အသက်၂၀မှာပင် ဦးလွှမ်းထက်နှင့်မှောက်မှားမိ၍ အိမ်ထောင်ပြုခဲ့ရကာ ကျောင်းဆက်တက်ခဲ့ရသည်။

မြတ်သည် နဂိုပုံစံကိုကအနေတည်ပြီးအေးစက်တတ်သည့်အပြင် စာနှင့်အလုပ်ကိုပဲဦးစားပေးတတ်သည်။ ဦးလွှမ်းထက်ကိုသူမချစ်ခဲ့ပေမဲ့ ခင်ပွန်းအပေါ် တီတီတာတာမလုပ်တတ်ခဲ့။

သူမအလုပ်ဘက်ကိုသာ မဲနေခဲ့သဖြင့် ဦးလွှမ်းထက်ဟာ ဒေါ်ခင်မျိုးဆွေနှင့်ဖောက်ပြန်ခဲ့၏။ နှစ်တစ်ခုကြာ မသိခဲ့ဘဲ ရတနာထူးနှင့်စွမ်းရတုတို့ အသက်၃နှစ်ဝန်းကျင် ယွန်းကိုကိုယ်ဝန်စရချိန်မှ မြတ် သူဖောက်ပြန်နေတာကိုသိခဲ့သည်။

အချစ်ကိုတွေ့ခဲ့သည်(completed)Where stories live. Discover now