Episode 35(Z+U)

14.5K 955 101
                                    

[Zawgyi]
35

"အ..."

နှလုံးနေရာမှဆစ်ကနဲအောင့်တက်လာသဖြင့် သွန်း ရင်ဘက်လေးကိုအသာဖိကာ ခုံတွင်ထိုင်ချလိုက်၏။

ဆေးလည်းသောက်သည် အစားလည်းရှောင်သည်စိတ်လည်းပျော်အောင်နေရဲ့သားနဲ့ ဒီနှလုံးကဘယ်လိုဖြစ်ပြီး ထ ထ အောင့်နေတာလဲ။

သွန်းသူမနှလုံးကိုစိတ်တိုင်းတကယ်မကျ။ ဟိုးတလောက မြတ် check up လုပ်ပေးတာတော့ အရမ်းကြီးမဆိုးဘူးတဲ့။မိခင်က နှလုံးအထူးကုမို့သွန်းမပူပါ။

စိတ်ပျော်တယ်ဆိုပေမဲ့ ခုတလော သွန်းဘာကိုပူလို့ပူနေမှန်းမသိ။ စိတ်ထဲလည်းတော်တော်လေးနေသည်။

နောက်တစ်ပတ်လောက်ဆို မြတ်တို့လက်ထပ်တော့မည်။ ထို့ကြောင့် မြတ် နှင့် ထက်က စိတ်လှုပ်ရှားပြီးပျော်နေကြမှာ။ သွန်း မြတ်နားလည်းသိပ်မကပ်ဖြစ်။ ထက်နှင့်လွတ်လွတ်လပ်လပ်နေပါစေဆိုပြီး သူမဘာသာပဲခပ်အေးအေးနေနေ၏။

သွန်း ဆေးသောက်ပြီးနောက် မနက်စောစော ward ထဲခန round ပြီးလူနာများကိုကြည့်ပေးနေလေသည်။ နံနက်ခင်း၏သာယာငြိမ်းချမ်းမှုသည် ချိုမြမြအပြုံးလေးဖြင့်လူနာများကိုကြည့်ရှုပေးနေသော ဆရာဝန်မလေး၏အလှတရားကို ယှဉ်နိုင်မည်မထင်။

ညက Night duty ကျထားသဖြင့် သွန်း ထိုမနက်၉နာရီမှာအလုပ်ဆင်းရမည်။ မျက်နှာသစ်ပြီးပေမဲ့အဝတ်တော့မလဲရသေး။ မျက်နှာကိုလည်းမပြင်ဆင်ဖြစ်။ တစ်ညတာခွဲခွါထားရသဖြင့် ဟန့်ကိုလွမ်းလှပြီ။ မပြင်မဆင်ပုံစံလေးဟာ သဘာဝဆန်လှသော်လည်း သွန်းဝင်မတွေ့ချင်။ ထို့ကြောင့် အလုပ်ဆင်းပါက အိမ်ပြန်ကာ ရေချိုးပြင်ဆင်ဦးမည်။

"မမလေး သူက မမလေးရဲ့အတွင်းရေးမှူးအသစ်အဖြစ်ဒီနေ့ကစပြီးအလုပ်လုပ်သွားမဲ့သူပါ"

ဟန် ရုံးခန်းထဲ၌ စာရင်းအချို့ကြည့်နေတုန်း မန်နေဂျာခေါ်လာပေးသည့် အတွင်းရေးမှူးအသစ်ဆိုသူကို တစ်ချက်မော့ကြည့်လိုက်၏။

"ညှို့ လို့ခေါ်ပါတယ် မမလေး"

မိတ်ဆက်လိုက်သော ထိုမိန်းကလေး။ အသက်အရွယ်သည် ဟန် နှင့်မတိမ်းမယိမ်း။ ဟန့်ထက်ကြီးနိုင်သည်။ ရှပ်အနက်ကလေးကို ဒူးတိစကပ်အနက်ကလေးဖြင့်သာတွဲဖက်ဝတ်ဆင်ထားသော သူမ။

အချစ်ကိုတွေ့ခဲ့သည်(completed)Where stories live. Discover now