Episode 8(Z+U)

16K 1K 62
                                    

[Zawgyi]
8

"ဒေါက်တာကြွပါ"

ဟန်နှင့်အတူသူမတို့အိမ်ထဲသိမ်သိမ်မွေ့မွေ့ဝင်လာသည့်မိန်းကလေးကြောင့် ဦးမြတ်မာန်ရော ဒေါ်နုနုဝေ ပါ ဆိုဖာပေါ်မှ မျက်တောင်မခတ်ကြည့်နေမိ၏။

ဦးမြတ်မာန်ကတော့ ခါးနာနေသဖြင့်မထသော်လည်းဒေါ်နုနုဝေက ဟန်တို့နားသွားလိုက်ကာ

"ဒါ ဟန်ပြောတဲ့ဒေါက်တာလေးလား"

"ဟုတ်တယ်မာမီ"

ဒေါ်နုနုဝေအကဲခတ်ရသလောက် အပြင်ပိုင်းရုပ်ရည်ကိုက တကယ့်ဆရာဝန်ရုပ်ပဲ။ လှလည်းလှ ယဉ်လည်းယဉ်သည်။ မျက်နှာဟာအလှမပြင်ထားသဖြင့် သဘာဝဆန်ဆန်လှသည်။ ဒါကြောင့် ဟန်က အတင်းအိမ်ပင့်မယ်လုပ်နေတာကိုး။ ဒေါ်နုနုဝေ ကိုယ့်သမီးအကြောင်းကိုယ်သိသည်။

သွန်း ဦးမြတ်မာန်အားစမ်းသပ်ပေးပြီးနောက်

"အရိုးတော့မကျိုးသွားပါဘူး ဒါပေမဲ့ အန်ကယ်PT centre မသွားနိုင်ရင် physiotherapist ကို အိမ်ပင့်ပြီးသေချာ treatmentယူတာတော့ပိုကောင်းလိမ့်မယ်"

သွန်း၏စကားကြောင့် ဦးမြတ်မာန်ကစိတ်ဝင်တစားဖြင့်

"Physiotherapist ဆိုတာဘာများလဲဒေါက်တာ"

"ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေးနည်းပညာရှင်ပါ အရိုးအကြောနဲ့ပတ်သက်တာတွေ ဒူးနာခါးနာစသဖြင့် ယောင်ယမ်းတာတွေကို စက်ကိရိယာတွေ လေ့ကျင့်ခန်းတွေနဲ့ကုတဲ့သူပေါ့"

"ဪ ဒေါက်တာ့ဆီမှာလာလုပ်လို့မရဘူးလား"

သွန်းက အပြုံးချိုချိုလေးဖြင့်

"အဲ့အပိုင်းကျသမီးတို့ဆရာဝန်တွေထက် physiotherapist တွေကပိုကျွမ်းကျင်လို့ပါ သူတို့ကအဲ့ပညာကို ၄နှစ်လောက်သင်ထားပြီးမှ ဘွဲ့ပေးတာဆိုတော့လေ"

"အဲ့လိုလား အိမ်ကိုကြွပေးလို့ကျေးဇူးတင်ပါတယ် ဒေါက်တာ"

ဦးမြတ်မာန်ကကျေးဇူးတင်စကားပြောတော့ သွန်းကနားကြပ်လေးသိမ်းရင်းပြန်ပြုံးပြလေသည်။ ဟန် မပြောနှင့် ဟန့်မိဘတွေတောင်သွန်းကိုချစ်လွန်းလို့ မွေးစားလိုက်ချင်ပြီ။

"ဒါဆို သမီးကိုခွင့်ပြုပါဦး"

သူမကိုယ်ကိုသမီးလို့သုံးနှုန်းပုံလေးကြောင့် လူကြီး၂ယောက်သွန်းကိုတော်တော်ချစ်နေမိ၏။ ဝင်လာတည်းကစ လူနာစမ်းသပ်ပုံ စကားပြောပုံ အမူအရာဟာ နူးညံ့သိမ်မွေ့လှသဖြင့် ဒီလို သမီးမျိုးများရလိုက်ရင်လို့တောင် ဒေါ်နုနုဝေ တွေးနေလေသည်။

အချစ်ကိုတွေ့ခဲ့သည်(completed)Where stories live. Discover now