Episode 6(Z+U)

16K 1K 88
                                    

ဒီဇာတ်လမ်းကလောလောဆယ်မှာအချစ်ဇာတ်လမ်းကိုတအားဦးစားမပေးထားဘဲ broken family ကဖြစ်တဲ့သွန်းရဲ့စိတ်ဒဏ်ရာတွေ ကလေးတွေကိုတစ်ယောက်တည်းပျိုးထောင်ရတဲ့ single mother တစ်​ယောက်ရဲ့သန်မာမှုတွေကိုရေးထားတာမို့ ပျင်းစရာကောင်းသွားခဲ့ရင် ကြိုတင်တောင်းပန်ပါတယ်ရှင့်💙

[Zawgyi]
6

"တောက်"

ရတနာ online ပေါ်မှသွန်း၏ပုံတစ်ချို့ကိုကြည့်ရင်း စိတ်တိုစွာ တောက်ခေါက်မိ၏။

သိပ်ပြီး active ဖြစ်ပုံမပေါ်သည့်သွန်း၏ acc လေးတွင် ပုံကသိပ်မတင်ထားပါ။ ၃ ၄ ပုံလောက်သာရှိသည်။

သို့သော် follower တွေ react တွေ comments တွေအရ cele လို့တောင်ပြောလို့ရသည်။ တက္ကသိုလ်တက်တုန်းက ပုရိသတွေကြားအတော်ရေပမ်းစားမည့်ပုံ။

ခုတင်ထားတဲ့ပုံလေးတွေမှာလည်း အတော်လေးလှ၏။ ဖေဖေနဲ့လည်းရုပ်ဆင်သည်။ တရုတ်ကပြားလေးပေမဲ့ တရုတ်မျက်နှာပေါက်သိပ်မထွက်။ ဗမာချောချောသည်။

ကိုယ်လုံးကိုယ်ပေါက်အနေအထားကို ရတနာ တောင်ကြိတ်သဘောကျမိချင်သည်။ မြန်မာဝမ်းဆက်လေးများသည် သွန်း၏ခန္ဓာကိုယ်တွင် ချပ်ရပ်စွာပင် ခန္ဓာကိုယ်၏အချိုးစားလှလှကိုဖော်ပြနေ၏။

ရတနာဆိုလျှင် ကောလိပ်တုန်းကပဲ မြန်မာဝတ်စုံဝတ်ဖြစ်သည်။ ရင်ဆိုဒ်တင်ဆိုဒ်လည်းမမှန်။ ပြားလွန်းသဖြင့် တစ်ခါတရံအကူပစ္စည်းများတောင်ထည့်ရသည်။

"ဟ လှလိုက်တာ ဘယ်သူတုန်း ငါ့ကိုလည်းမိတ်ဆက်ပေးလေဟာ"

ဆိုဖာနောက်မှစွမ်း၏အသံကြားမှ ရတနာနောက်ကိုလှည့်ကြည့်ရင်း

"ဖေဖေ့သမီးတဲ့"

"ဟမ်"

မျက်နှာတည်တည်ဖြင့်ရတနာကပြန်ဖြေ၍ စွမ်း မျက်မှောင်ကြုံ့တော့

"ငါတို့ရဲ့ ဖအေတူမမေကွဲ အစ်မလို့"

"အယ် ဟုတ်လား"

စွမ်း ရတနာ့လက်ထဲမှဖုန်းကိုဖက်ကနဲလှမ်းယူလိုက်ပြီး ဂျူတီကုတ်ဖြင့်ပုံကိုမြင်သွား၍ထင်သည်။

"ဂျူတီကုတ်နဲ့ဆိုတော့ ဆရာဝန်လား"

"အေး"

"စောက်ရမ်းလှတာဟဲ့ နင်နဲ့တစ်ခြားစီပဲရတနာ"

အချစ်ကိုတွေ့ခဲ့သည်(completed)Where stories live. Discover now