Part 1

969 56 4
                                    

လွန်ခဲ့သော နှစ်နှစ်ဆယ်ခန့်က. .

'' လွှတ် မေမေ့ကိုဘယ်ခေါ်သွားကြမလို့လည်း၊
မေ မေ. .မေမေ ရေ. .''

ဆေးရုံတစ်ခုတွင်ဖြစ်သည်၊ ကောင်လေးတစ်ယောက်
ရဲ့ အော်ဟစ်ငိုကြွေးသံများ ကြောင့် ဆေးရုံအတွင်းရှိ
လူအများဟာ တစ်စ တစ်စ စုဝေးဝိုင်းအုံလာကြသည်၊

''သား မေမေကိုမထိနဲ့ လွှတ်''

''သား​လေး၊ သားမေမေ က အခုကောင်းတဲ့နေရာကို
သွားတော့မှာမလို့ လွှတ်လိုက်ပါနော် ၊ ဘန်လေး
အတွက်မုန့်တွေအများကြီးဝယ်လာမယ်တဲ့၊ ပြီးတော့
အဲ့ဒီနေရာမှာဆိုရင်လေ သားမေမေကို အမြဲရန်လာလာရှာတဲ့ဟိုမိန်းမကြီးလဲ မရှိဘူး''

''တကယ်လား အန်တီ ယွန်းအာ''

''တကယ်ပေါ့သားရဲ့''

''ဒါဆို ဘာလို့မေ့မေ့ကိုအဝတ်ဖြူနဲ့အုပ်ထားရတာလည်း''

''အော်ဒီလိုလေ သားလေးရဲ့ ၊ မေမေကအခုအိပ်
ပျော်နေတာ မျက်စိကိုအလင်းတွေစူးမှာစိူးလိူ့ ပေါ့၊
ဒီဦးလေးတွေကလေ သားမေမေကို အဲ့ဒီနေရာ ဆီ
ခေါ်သွားပေးမှာ၊လွှတ်လိုက်နော်''

''ဟုတ်''

ထိုအခါမှသာ ကောင်လေးဟာ ကုတင်ပေါ်တွင်အဝတ်
စအဖြူအုပ်ထား​ ခြင်းခံရသော ငြိမ်သက်စွာလဲလျောင်းနေသည့် မိန်းမကြီး၏လက်အား လွှတ်
ပေးလိုက်တော့သည်၊ ဆေးရုံဝန်ထမ်းများ က
အလောင်းကို သယ်ဆောင်သွားကြတော့သည်၊
. . . .

''ဘန်''

''ဗျာ အန်တီယွန်းအာ''

''အခုကစပြီး သားလေး က ဖေဖေ့ဆီကို သွားနေရတော့မယ်နော်၊ ''

''ဟင် ဖေ ဖေဟုတ်လား၊အန်တီယွန်းအာ၊ သားမှာ
ဖေဖေရှိလို့လား''

''ရှိတာပေါ့သားလေးရယ်၊သားဖေဖေကလေသိပ်ကို
ချမ််းသာတာ၊ သားလိုချင်တဲ့အရုပ်တွေ သားစားချင်တဲ့ မုန့်တွေကို သားဖေဖေက အကုန်ဝယ်ကျွေးဝယ်
ပေးနိုင်တယ်၊ အဲ့တာမလို့ သားလေး ဖေဖေ့ဆီသွားနေနော်''

''အာ အန်တီယွနိးအာကလည်း သားမနေချင်ပါဘူး
ဒီမှာအန်တီနဲ့အတူတူနေရတာသားပျော်တာကို''

ရှင်သန်ရာဤအရပ်ဝယ်Where stories live. Discover now