''ရူဘီ''
မီးခိုးတွေမွှန်နေတာလည်းကျွန်တော်မသိ၊ လူတွေ
ကျွန်တော့်ကို တိုးတိုက်သွား ကြတာလည်းကျွန်
တော်မမူ၊ ကျွန်တော်သိတာက ရူဘီ၊ မောင့် ရဲ့ ရူဘီ။ကျယ်ပြောပြီးအထပ်မြင့်လှတဲ့စင်တာကြီးထဲမှာ
ကျွန်တော် ရူဘီ့ကိုဘယ်မှာရှာရမှန်းသေချာမသိပါ။
ခြေလှမ်းတွေကိုမြန်သထက်မြန်ရင်း ကျွန်တော့်
အသက်ရူသံတွေ ဟာ အတိုင်းအဆမဲ့ ပြင်းထန်လာရင်းရှေ့ကိုဆက်တိူးပြီးရှာနေမိတယ်။
ရူဘီဆိုတဲ့အမည်နာမ လေးကိုကျယ်ကျယ်ရေရွတ်ပြီး
ရှာတယ်။''ရူဘီ''
''ရူဘီ ''
''မင်း ဘယ်မှာလည်း''
မီးခိုးငွေ့များဟာ တစ်ဖြေးဖြေး အမြင်အာရုံတွေကိုပါဖုံးလွှမ်းသွားသည်။ တစ်ထပ်ပြီးတစ်ထပ်ကျွနိတော် ဟာ ပြေးလွှား ပြီးသူမကိုရှာဖွေသည်။
''မင်းတစ်ခုခုဖြစ်ရင်မောင်သေရချည်ရဲ့၊ မင်း ဒီမှာ
ရှိနေတယ်မလားရူဘီ၊ မောင့်ကို ခေါ်လိုက်ပါကွာ''၇လွှာမြောက်ကိုရောက်တော့ တွေ့ ပါပြီ၊ ကျွန်တော့်ရဲ့
အသက်ကလေး။ ကြမ်းပြင်မှာခွေခွေလေးလဲကျနေတာ။ ကျွန်တော်သူမရှိရာဆီကိုအပြေးလေးသွားကာ
ပျော့ခွေကျနေတဲ့ သူမကိုယ်လေးကို ဆွဲထူလိုက်သည်။''ရူဘီ ရူဘီ''
''သတိထားပါဦး ရူဘီ''
. .ခြေထောက်ခေါက်သွားတဲ့ဒဏ်ကြောင့်နာလွန်းလို့
မျက်ရည်တောင်ကျမိတယ်၊ ပြန်ထပြီးပြေးမယ်လုက်
တော့ဘယ်လိုမှထလို့မရဘူး၊ ရူဘီထပ်ကြိူးစားတယ်ထပ်ပြီးလဲကျတယ်၊ လူတွေကလည်း ရူဘီ့ကိုဆွဲထူ
ဖို့နေနေသာသာ သူတို့ ဇောနဲ့သူတို့ပြေးလွှားကာကျော်
သွားကြသည်။ မီးခိုးငွေ့တွေများလာတာနှင့်အမျှ
အသက်ရူရခက်လာသည်။ ရုတ်တရက်မျက်လူံးများကဝေ ဝါးကာအိပ်ချင်လာသည်။ အပေါ်ထပ်မှာစွဲ
နေသောမီးလူံးတွေကိုလည်း မြင်နေရပြီ။ ထိုအချိန်
ရူဘီ့နှုတ်ဖျားကနေ တိူးတိူးလေးရေရွတ်လိုက်တာဟာ''မောင်''
''မောင်''
''ရူဘီ ၊ ရူဘီသတိထားနော်
မောင်ရှိတယ် ဘာမှမဖြစ်စေရဘူး ၊ မောင့်ကို
ယုံနော်''
YOU ARE READING
ရှင်သန်ရာဤအရပ်ဝယ်
Fanfictionခံစားချက်တွေ အသက်ဝင် စေ မည့် မင်း ရှိရာအရပ်တွင်သာ ရှင်သန်ချင်သည်။ (ဒီ jenlisa ficလေးမှာတော့လီလီ့ကို boyနေရာမှာထည့်သွင်းရေးသားထားပါတယ်)