Bonus

1K 65 22
                                    

သစ်ရွက် ဝါတို့ ကြွေ ပြီး.  .သစ်ရွက်စိမ်းတို့ဝေတဲ့
ကာလတွေလည်း အထပ်ထပ် လွန်ခဲ့ ပြီးနောက်
တစ်ခုသော ဆောင်းရာသီ ၌ဖြစ်သည်။

''ဒီနေ့ ပထမဦးဆုံး နှင်းကျတာပဲ ၊ လှလိုက်တာ''

''CEO ၊ CEO''

company ရဲ့ ကားပါကင်မှာရပ်နေရင်း

လှလှပ ပ ကျဆင်းနေသော နှင်းမြူနှင်းမှုန်များကို
ငေးမောနေတုန်း. . နောက်ကနေ နိုယူရဲ့ခေါ်သံကို ကြားရသည်။

'' နှင်းတွေကျနေတာမို့လို့ ထီးယူသွားပါခဗျ''

'' ထီးက ငါ့အတွက်မလိုပါဘူးနိုယူရာ ၊ မင်းပဲဆောင်း
သွားလိုက်ပါ ၊ ငါဒီအတိုင်းနှင်းတောထဲမှာလမ်း
လျောက်ပြန်မယ်''

''ဖြစ်ပါ့မလား CEO ရယ် ၊ အအေးမိကုန်ပါဦးမယ်''

''ငါက ကလေးလား၊ မပူစမ်းပါနဲ့ သွားတော့. .''

ပိတ်ကာဟောက်လိုက်တော့ ကျွန်တော်နဲ့အတူနှစ်
ပေါင်းများစွာ အတူရှိနေခဲ့တဲ့ ကျွန်တော့်ရဲ့အတွင်း
ရေးမှူးနိုယူဟာ ပါးစပ်မှပွစိပွစိပြောကာ company
အတွင်းသို့ ပြန်ဝင်သွားသည်။
နိူယူ့ရဲ့ကျောပြင်ကိုကြည့်ရင်း ပြုံးလိုက်မိသည်။
ပြီးနောက် ကားကိုထားခဲ့ကာ လမ်းလျောက်
လာခဲ့သည်။ လမ်းမကြီးထက်မှာတော့ ပထမဦးဆုံးနှင်းကျတာမလို့ လူတိုင်းဟာ ပျော်ရွှင်နေကြသည်။
ကလေးတွေက ဆော့ကစားနေကြသည်၊ တစ်ချို့လူ
ကြီးတွေကတော့ ဖုန်းကင်မရာများနှင့် နှင်းဖြူဖြူ
လေးများကိုမှတ်တမ်းတင်လျက်ရှိသည်။

'' ဒီနေ့နှင်းတွေစကျတယ်၊ ရူဘီ သိပ်လှတာပဲ
ရူဘီမြင်ရင်သဘောကျမှာသေချာတယ်၊ 🌸❤
နှင်းဖြူဖြူရဲ့အလှကိုခံစားရင်း မောင်လမ်းလျောက်
နေတာ ၊ အေးတာတောင်မခံစားမိဘူး အရမ်းသာယာ
လွန်းလိူ့လေ၊ နှမြောဖို့ကောင်းတာက ရူဘီနဲ့အတူတူ
လမ်းလျောက်ခွင့်မရှိတာပဲ၊ နှင်းတွေကိုသိပ်သဘော
ကျတတ်တဲ့ရူဘီ၊ နှင်းတွေနဲ့ဆော့ကစားရတာအရမ်း
ကြိုက်တဲ့ရူဘီ၊ လွမ်းတယ်မောင့်ရူဘီ နှစ်တွေကြာ
လည်းတစ်ရက်မှ မင်းကို မောင်မမေ့ခဲ့ပါဘူး
ပထမဆုံးနှင်းကျတဲ့ရက်မှာလိုရာဆုကိုတောင်းရမယ်
ဆိုရင် မောင့်ရူဘီကိုဘဝဆက်တိုင်းဆက်တိုင်း
ချစ်ခွင့်ရချင်တာပါပဲ၊ မောင့်ကိုအသက်ထပ်တောင်
ပိုပြီးချစ်ခဲ့တဲ့ရူဘီ၊ အသက်နှင့်လဲပြီးကာကွယ်ခဲ့
တဲ့ရူဘီ ၊ အော် မောင့် ရူဘီ''💔

ရှင်သန်ရာဤအရပ်ဝယ်Where stories live. Discover now