''ဝေးကွာ သွားတဲ့ ရင်ခွင်နှစ်ခုမှာ ထပ်တူညီ တဲ့
နှလုံးသားတစ်စုံတော့ပါသွားတယ်. .''မနက်စာထမင်းဝိုင်းတွင်ဖြစ်သည်။
'' ဘန်''
''ညက အိမ်ပြန်နောက်ကျတာလားသား၊ ''
''ဟုတ်တယ်ဖေဖေ သား သူငယ်ချင်းတွေနဲ့ မနေ့
ညက စားကြ သောက်ကြတာ ''''အော် ကဲ ကဲ ပဲပင်ပေါက်ဟင်းချိုလေး သောက်
လိုက်ဦး ၊ နေရတာရောအဆင်ပြေရဲ့လား
အလွန်အကျွံမသောက်နဲ့ငါ့ သား ၊ ကျန်းမာရေး
ထိခိုက်မယ်''''ဟုတ်ကဲ့ဖေဖေ ၊ ဒီနေ့အလုပ်မသွားဘူးလား''
'' သွားမှာလေ နေ့လည်လောက်ကျရင်ပေါ့၊
ဒီနေ့မင်းအစ်ကို က သူ့ရဲ့ဇနီးလောင်းကိုအိမ်ကိုခေါ်
လာမှာမလိူ့ လိုအပ်တာတွေစီစဥ်ပေးနေတာ'''အော် ကိုကိုတောင်ချစ်သူရနေပြီလား''
''အင်း သား၊ မင်း အစ်ကိုက တော်တော်ကိုချစ်မိ
သွားပုံပဲ ၊ လက်ထပ်ဖို့တောင်စဥ်းစားနေပြီ၊
သား လည်း ညကျစောစောပြန်ခဲ့ ၊မ်ိတ်ဆက်ပေးရ
အောင်လို့''''ဟုတ်ကဲ့ဖေဖေ၊ သား ညကျ လုက်စရာလေးတွေ
ရှိလို့ သေတော့မသေချာဘူး ၊ ''''အေး အေးတတ်နိုင်သမျှတော့စောပြန်ခဲ့၊ ဟုတ်ပြီ
လား၊ ကဲ စား. .စား''ဖေဖေက ကျွန်တော်ကြိုက်တဲ့ ဟင်းများကို ပန်းကန်
ထဲထည့်ပေးသည်။ ဖေဖေ့ရဲ့ဂရုစိုက်မူတွေကိုကျွန်
တော် ငယ်စဥ်ကတည်းက မပြတ် ရခဲ့ပါသည်။
ခုလိုဟင်းတွေထည့်ပေးတာကို ကိုကိုသာမြင်လျှင်
သဘောကျမှာမဟူတ်ဘူးဟုတွေးနေသေးသည်။
ဒါနဲ့ ကိုကို့ရဲ့ဇနီးလောင်းဆိုပဲ ဘယ်သူများပါလိမ့်။စားသောက်ပြီးတာနှင့် ချယ်ယောင်းတ်ု့အိမ်ဘက်ကို
ထွက်လာခဲ့လိုက်သည်။ အိမ်ကိုရောက်တော့
ချယ်ယောင်းကမရှိ၊ အလူပ်သွားနေတယ်တဲ့၊ ဒါနဲ့
ပဲ ခြေဦးတည့်ရာကိုလျှောက်လာခဲ့လိုက်တယ်။
ပတ်ဝန်းကျင်ကိုကြည့်တော့လည်း သာသာယာယာပါပဲ ၊ လေညှင်းလေးကလည်းအေးတယ်၊ လမ်းမပေါ်
မှာလည်းစုံတွဲတွေကြည့်ပဲ။ သူမကိုတောင်သတိရ
မိသွားတယ်။ အရင်ကဆိူဒီလမ်းတွေကိုသူမနဲ့အတူ
လျောက်လှမ်းနေကြလေ၊ အရာအားလူံးဟာ ဟာတာတာပါပဲ။
YOU ARE READING
ရှင်သန်ရာဤအရပ်ဝယ်
Fanfictionခံစားချက်တွေ အသက်ဝင် စေ မည့် မင်း ရှိရာအရပ်တွင်သာ ရှင်သန်ချင်သည်။ (ဒီ jenlisa ficလေးမှာတော့လီလီ့ကို boyနေရာမှာထည့်သွင်းရေးသားထားပါတယ်)