Part 18

371 38 13
                                    

''သခင်ကြီး သခင်ကြီး''

''ကြီးတော်မေ ဘာဖြစ်တာလည်း''

''ဟိုသခင်လေး.  .သခင်လေးရိုက်ခံရပြီးဆေးရုံ
ရောက်နေတယ်တဲ့''

''ဟေ''

ရူဘီအလုပ်ကနေအိမ်ကို မင်ဆော့နဲ့အတူပြန်လာတော့၊ အိမ်ထဲမှာ ကြီးမေတို့ပြောနေတာကြားလိုက်တာ၊ မောင် ရိုက်ခံရလို့တဲ့၊ ကြားကြားချင်း
ရူဘီ့ဒူးတွေမခိုင်တော့လို့၊ မင်ဆော့ကပါလက်ကိုင်ပြီး
ထိန်းပေးရတယ်။

''ဂျိန်း အဆင်ပြေရဲ့လား ခေါင်းမူးလို့လားဟင်''

''မဟူတ်ပါဘူးရပါတယ်''

''လာလေအပေါ်တက်ရအောင်''

''ဟို ဆေးရုံ. .''

''ထားလိုက်ပါ ဖေဖေတို့သွားလိမ့်မယ်''

မောင်ရယ်ဘယ်လိုဖြစ်ရပြန်တာလည်း၊ ရန်မဖြစ်ပါနဲ့
လို့ရူဘီအတန်တန်ပြောထားရဲ့သားနဲ့၊ ပေးခဲ့တဲ့ကတိ
တွေအားလူံးဖျက်ပစ်လိုက်ပြီလား။ ညနေစာတောင်
မစားနိုင်ပဲ မောင် ပြန်အလာကိုရူဘီအိမ်ပေါ်ထပ်
ကနေမျှော်နေတာ၊ မကြာပါဘူး အိမ်ထဲကိုကားတစ်စီး
ဝင်လာတယ်၊ ဒါနဲ့အောက်ထပ်ကိုဆင်းသွားလိုက်တယ်၊ တွေ့ရပါပြီခေါင်းမှာပတ်တီးအဖွေးသားနဲ့
မောင့်ကို။ဘေးမှာလည်းအန်ကယ်နှင့်ကြီးမေတို့က
လက်တစ်ဖက်စီတွဲထားရတယ်။

''ဖြေးဖြေးလျောက်သား''

''ရတယ် ကြီးမေ ကျွန်တော်လျောက်နိုင်တယ်''

ရူဘီ အနားကိုသွားကာ ကြီးမေကိုင်ထားတဲ့ပစ်စည်း
တွေကို ကူသယ်ပေးလိုက်တယ်။

''ရတယ်သမီးလေးကြီးမေသယ်မယ်''

''ရပါတယ်ကြီးမေရဲ့..သမီးသယ်ပေးမယ်''

မောင့်မျက်နှာကိုအနီးကပ်ကြည့်မိတော့မှ ဒဏ်ရာတွေလဲဗလပွနဲ့၊ အဲ့ကလေးကစတွေ့ကတည်းကအခုထိ
ဒီလိုပဲစိတ်ပူအောင်လုပ်နေတာ။မောင့်မျက်နှာကို
တိတ်တခိူးကြညိ့နေတုန်း အပေါ်ထပ်ကနေမင်ဆော့
ဟာခြေသံပြင်းပြင်းနဲ့ဆင်းလာတယ်။

'' ဟိတ်ကောင် မင်း ရန်ဖြစ်လာပြန်ပြီလားဟမ်၊
မင်းက ငါတို့မိသားစုသိက်ခါကို လိုက်ချနေတာလား''

ရှင်သန်ရာဤအရပ်ဝယ်Where stories live. Discover now