Part 33

471 44 2
                                    

သာယာလှပသောမနက်ခင်းတစ်ခု၊ ရင်ခွင်ထဲမှာ
ရောက်နေတဲ့မိန်းမလှလေးရဲ့အပြစ်အနာအဆာမရှိတဲ့
မျက်နှာလေးကို တစ်ဝ ကြည့်ကာ မနက်ခင်းရဲ့အရသာကိုအပြည့်အဝခံစားနေသည်။ မျက်ခွံပေါ်ကမှည့်နက်လေးကအစ နှုတ်ခမ်းဖူးဖူးလေးတွေအဆုံး
ဒီလူသားမှာ ပြစ်ချက်ဆိုတာမရှိ။ ဘယ်ပန်းချီကားမှ
မှ ဒီသက်ရှိပန်းချီကားလောက် လှပမယ်မထင်။
မကြာခင်မှာ ထာဝရပိုင်ဆိုင်ခွင့်ရတော့မည်. စိတ်ကူးနဲ့ပင် ရူးရ ပါသည်။
သူမ မျက်နှာရဲ့အစိတ်အပိုင်းလေးတွေအားလူံးကို သေ သေချာချာ ငေးမောနေစဥ် လှုပ်ရွ လှုက်ရွဖြင့်အိပ်ရာကနိူးလာသော ထိုသက်ရှိပန်းချီကားလေး။

''ရူဘီ ''

''မောင် အစောကြီးနိုးနေတာလား''

''ခူနကမှနိုးတာပါရူဘီရဲ့. .အိပ်ရေးမဝသေးရင်
ထပ်အိပ်ဦးလေ''

''ဟင့်အင်း ဝပြီ''

''ဒါဆိုလည်းထကြရအောင်၊ ပင်လယ်ကြီးဆီသွား
ကြမယ်''

''ဟုတ်''

မနက်စာတောင်မစားရသေးပဲ ပင်လယ်ဘက်ကိုသာ
အရင် ထွက်လာခဲ့လိုက်ကြသည်။ ရာသီဥတု
က ခပ်အေးအေးဆိုတော့ မနေ့ကပါလာတဲ့
လောင်းကူတ်အရှည်တွေကိုထပ်ဝတ်ထားသည်။
မနက်ခင်း အစောပိုင်းဆိုတော့ ပင်လယ်ကြီးက သိပ်ကိုအေးချမ်းပြီးလှသည်။ ပင်လယ်ကြီးကိုငေးမော
နေတဲ့ အမျိုးးသမီးငယ် ကပိုပြီးလှသည်။ 🌸
လတ်လတ်ဆတ်ဆတ်တိုက်ခတ်နေတဲ့ပင်လယ်ရဲ့
လေညှင်းကိုအပြည့်အဝရူရိူက်လိုက်ကြသည်။

ဘေးကနေ အတူပါလာသောအမျိူးသမီးလေး
ဘက်သို့ခေါင်းလှည့်ကာ . .

''ရူဘီ ပင်လယ် ကြီးကမလှဘူးလား''

''အရမ်းလှတာပေါ့ . .မောင်ရဲ့ . .ကောင်းလိုက်တာ
ရာသီဥတုလေးကလည်း''

''ဟူတ်ပနော်၊ မောင်တို့လက်ထပ်ပြီးရင်ဟန်းနီးမွန်းကို
နီးနီးနားနားဂျယ်ဂျူဂျွန်းပဲ ထပ်လာကြမလား''

'' ကောင်းတာပေါ့ မောင်၊ ဒီနေရာလေးကတော်
တော်အေးချမ်းသလိုရူဘီပင်လယ်ကြီးကိုသဘော
ကျတယ်''

'' အရာအားလူံးအဆင်ပြေ ပြေဖြစ်ဖို့မျှော်လင့်တယ်
ရူဘီ့ကိုမောင်ထာဝရပိုင်ဆိုင်ချင်တယ်''

ရှင်သန်ရာဤအရပ်ဝယ်Where stories live. Discover now