'' မစ်စတာ လော်ရန် ခင်ဗျ ကျွန်တော့်ကိုခုလို
တွေ့ခွင့်ပေးလိူ့ကျေးဇူးတင်ပါတယ်''''ရပါတယ် ခင်ဗျားကိုလည်းကျွန်တော်ကကျေးဇူး
တင်နေတာပါ''''ခင်ဗျာ''
''ခင်ဗျားကျေးဇူးကြောင့် ကျွန်တော့်နတ်သမီးလေးက
ကျွန်တော်နဲ့ညစာစားဖို့ကိုသဘောတူလိုက်တယ်လေ''မစ်စတာလော်ရန်ပြောတာကိုသဘောမပေါက်သည့်မျက်နှာအနေအထားမျိုး ဖြစ်နေတာကိုရိပ်မိ
သွားဟန်ဖြင့်. .''အော် မစ်စ် အိုင်ရင်းကိုပြောတာပါ''
''အော် ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျာ
အဆင်ပြေပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်
ကျွန်တော်တို့companyမှာရင်းနှီးမြူပ်နှံ
လိုက်တဲ့အတွက်နောင်တမရစေရပါဘူးအစွမ်းကုန်
ကြိုးစားသွားမှာပါ''''ကျွန်တော်ယုံပါတယ် မစ်စ်အိုင်ရင်းက ခင်ဗျား
အကြောင်းကိုသေချာပြောပြထားသလို မာနိုဘန်
အုပ်စုဆိုတာလည်း အစဥ်လာမပျက်အောင်မြင်
နေခဲ့တာပဲလေ ၊ ရှေ့လျောက်သေချာလက်တွဲ သွား
ကြတာပေါ့''မစ်စတာလော်ရန်ကမ်းပေးသောလက်တစ်ဖက်ကို
ဘန်အမိအရဆွဲကာနှုတ်ဆက်လိုက်သည်။
ကျွန်တော့်ရဲ့ပထမခြေလှမ်းတော့ စတင်လှမ်းနိုင်ခဲ့
ပြီ။*******
''ကွန်ကရက်ကျူလေးရှင်း ဖြောင်း ဖြောင်း ဖြောင်း
ဖြောင်း 👏👏👏👏''companyကိုပြနိရောက်တော့ ဝန်ထမ်းများက
လက်ခုပ်တီးကာကျွန်တော့်ကိုကြိုဆိုကြသည်။
ကြည့်ရတာကတော့ကျွန်တော်စာချုက်ချုပ်ဆိူနိုင်
ခဲ့ကြောင်းသတင်းရပြီးပြီဖြစ်မည်။
ရုံးခန်းထဲကိုရောက်တော့စားပွဲပေါ်မှာ ပန်းစည်း
တစ်စည်းဟာအဆင်သင့်နေရာယူလို့နေသည်။
ပန်းစည်းပေါ် မှာပါတဲ့ကတ်လေးကိုဖွင့်ဖတ်ကြည့်တော့''ကွန်ကရက်ကျူလေးရှင်းပါမောင်. .သိပ်
တော်တာပဲတဲ့'' ထိုစာလေးကိုဖတ်ပြီး ကျွန်တော်
ပြုံးလိုက်သည်။ ချစ်ရတဲ့သူလေးကပို့ပေးတဲ့
ပန်းစည်းလေးကိုကိုင်ကာ ပန်းရနံ့များကိုအားပါး
တရရူရိူက်လိုက်သည်။
YOU ARE READING
ရှင်သန်ရာဤအရပ်ဝယ်
Fanfictionခံစားချက်တွေ အသက်ဝင် စေ မည့် မင်း ရှိရာအရပ်တွင်သာ ရှင်သန်ချင်သည်။ (ဒီ jenlisa ficလေးမှာတော့လီလီ့ကို boyနေရာမှာထည့်သွင်းရေးသားထားပါတယ်)