''နေကြာတွေက နေရှိရာဆီကိုပဲမျက်နှာမူကြသတဲ့
ကျွန်တော့်အတွက်တော့အဲ့ဒီ စကားဟာမမှန်ဘူး
နေကြာတွေက ဒေစီတွေရှိရာဆီပဲမျက်နှာမူတယ်''🌸🌻*****
'' နောက်လအတွင်းမှာကိုယ်တို့လက်ထပ်မယ်
အဲဒီအချိန်မရောက်မချင်း ဂျိန်းအိမ်ပြန်နေလို့ရတယ်''''မင်ဆော့ အရာအားလူံးကိုရှင့်သဘောအတိုင်းလုက်
နေတာရပ်တန်းကရပ်သင့် ပြီ၊ ရှင်ဒီလိုချိမ်းခြောက်တိုင်းကျွန်မကြောက်မယ်ထင်လို့လား'''' ဒီမှာဂျိန်း တစ်ခြားယောက်ကျားနဲ့ဖြစ်ချင်တိုင်း
ဖြစ်နေတဲ့ မင်း ကို ငါ ခွင့်လွတ်ထားတယ်လေ
မင်း ငါ့ဆီကိုရောက်လာရတဲ့အကြောင်းအရင်းကိုမေ့
နေပြီလား. . မင်းအဖေပေးရမယ့်အကြွေးတွေရဲ့
စာချုပ်စာတမ်းတွေငါ့ဆီမှာရှိနေသေးတယ်နော်''''ရှင်. . .'
''အဲ့တော့ကိုယ်ပြောတာကိုနားထောင်ပါ ဟိူကောင်နဲ့
ထပ်မတွေ့နဲ့တော့ ၊ အိမ်ကိုပြန်ပါ
ဒါမင်းကိုနောက်ဆူံးအကြိမ်သက်ညှာတာပဲ
ချစ်လွန်းလိူ့နော် ''''ရှင့်ကိုကျွန်မအရမ်းမုနိးတယ်သိရဲ့လား
ရှင်ကလူယုတ်မာပဲ''စိတ်ဆိူးမာန်ဆိူးဖြင့်ရူဘီပြောတော့ မင်ဆော့ဟာ
ထိုင်ရာမှထရပ်ကာ. .''ဟား ဟား ဟား ဟား..''
သရော်ပြီးရယ်သည်။
''ဒါကိုခုမှသိတာလားရူဘီရဲ့..မင်း သူ့ကိုသိပ်ချစိ
ရင်သူနဲ့ဝေးဝေးနေတာကောင်းလိမ့်မယ်
ငါပိုင်တဲ့မင်းကိုဘယ်သူ့လက်ထဲမှထည့်မပေးနိုင်ဘူး
မင်းက ဟောဒီမင်ဆော့မာနိုဘန်ရဲ့အပိုင်ပဲ''တစ်ကိုယ်ကောင်းဆန်တဲ့ချစ်ခြင်းတရား မည်သည်
မွန်းကြပ်စေ၏။*********
''တီ. . လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာ. .''
စက်ပိတ်ထားပါသည်ဟုမနက်ကတည်းကတွင်တွင်
အော်နေသော ဖုန်းနံပါတ်လေးတစ်ခုကိုထပ်ခါထပ်ခါ
နှိပ်နေမိသည်။
သို့ပေမယ့်. . စက်ပိတ်ထားဆဲပါတဲ့. .'' မနက်ကတည်းက ဖုန်းဆက်မရဘူး..အိမ်မှာလဲ
မရှိဘူး.. ဘာဖြစ်လို့ပါလိမ့်''
YOU ARE READING
ရှင်သန်ရာဤအရပ်ဝယ်
Fanfictionခံစားချက်တွေ အသက်ဝင် စေ မည့် မင်း ရှိရာအရပ်တွင်သာ ရှင်သန်ချင်သည်။ (ဒီ jenlisa ficလေးမှာတော့လီလီ့ကို boyနေရာမှာထည့်သွင်းရေးသားထားပါတယ်)