တစ်ခုသောညနေခင်းမှာ ပေါ့ ၊ ကောင်မလေး
တစ်ယောက်ဟာခရုခွံတွေကိုကောက်နေတယ်။
ပင်လယ်ကြီးနားကနေမခွာနိုင်တဲ့ကောင်လေးနဲ့
ကောင်မလေး၊ကောင်မလေးရဲ့ပုံရိပ်တိုင်းကိုကင်မရာ
တစ်လူံးနှင့်မှတ်တမ်းတင်နေသောကောင်လေး၊
မကြာခင်နေဝင်တော့မည်၊ ဆည်းဆာရောင်နီဟာ
သန်းစပြုလာသည်။''ရူဘီအဲ့ဒီခရုခွံတွေကဘာလုက်ဖို့လည်း''
''အော် မောင်ရယ် ကောက်ပြီးသွားရင် မောင့်အတွက်
လည်ဆွဲတစ်ကုံးလုက်ပေးမယ်'''ဟက်ဟက် မောင်ကတော့အရမ်းကိုမျှော်လင့်နေပြီ
ခရုလည်ဆွဲကို''ညနေဆည်းဆာနဲ့ အပြိုင်ခရုခွံကိုထိုင်ကာ ကောက်
နေသော အမျိူးသမီးလေးက သိပ်ကိုတောက်ပနေတာ။ ဘန်ကတော့ သဲမြေပေါ်မှာ အသည်းပုံလေး
တစ်ခုရေးဆွဲကာ အမျိူးသမီးလေးရဲ့အမည်နာမကို
ရေးခြစ်နေတယ်။ ပြီးနောကိ. .''ရူဘီ ခဏ''
ခေါ်လိုက်တော့ခရုခွံကောက်နေတဲ့ ကောင်မလေးဟာ
အနားကိုလျှောက်လာသည်။
သူမရဲ့လက်ဖဝါးလေးကို လှမ်းတော့. .အမျိုးသမီး
လေးကအလိုက်သတိကမ်းပေးသည်။
ခုနကဆွဲထားတဲ့အသည်းပုံရှေ့မှာ ဒူးထောက်ထိုင်
ချလိုက်ပြီး. . နေ့လည်စာစားတုန်းက ယူ
လာခဲ့တဲ့အအေးဘူးအဖုံးပေါ်က ကွင်းလေးကို
သူမရဲ့ လက်သူကြွယ်၌ဝတ်ပေးလိုက်သည်။
သူမကခဏတာမျှကြောင်သွားပြီး ဘာလည်းဆိုသည့်
အကြည့်နှင့်ဘန့်ကိုကြည့်နေသည်။''ကွက်တိပဲ.. ''
''မောင့်ကိုလက်ထပ်နိုင်မလားရူဘီ. .မောင့်ရဲ့
proposeက မခမ်းနားသေးဘူး၊ လက်စွပ်ကလည်း
အစစ်မဟုတ်ဘူးဆိုပေမယ့် ၊ ဆိုလိးကိုပြန်ရောက်တဲ့
အခါ လက်စွပ်အစစ်နဲ့ ပြန်လဲပေးပါ့မယ်
လက်ထပ်နိုင်မလားဟင်''❤''အင်. ..🤔''
သူမလေးဟာအနည်းငယ်စဥ်းစားတွေဝေနေဟန်ဖြင့်..
ကျွန်တော့်ရဲ့ စိတ်ရူပ်အားငယ်သွားတဲ့မျက်နှာကို
မြင်မှ ပြုံးလိုက်ကာ..'' လက်ထပ်မယ်''❤
''ယေး. . . . .''
အမျိုးသမီးငယ်ရဲ့ကိုယ်လုံးလေးအားကောက်ယူပွေ့လိုက်ကာ. .ဝှေ့ရမ်းလိုက်သည်။ သူမက သဘောတစ်ကျရယ်မောနေသည်။ နေဝင်လုဆဲဆဲအလှ ၊ ဆည်း
ဆာအလှ နောက်ခံပင်လယ်ကြီးရဲ့အလှတို့နဲ့တူ
ဘန်နဲ့ရူဘီတို့ရဲ့အချစ်အလှ။
YOU ARE READING
ရှင်သန်ရာဤအရပ်ဝယ်
Fanfictionခံစားချက်တွေ အသက်ဝင် စေ မည့် မင်း ရှိရာအရပ်တွင်သာ ရှင်သန်ချင်သည်။ (ဒီ jenlisa ficလေးမှာတော့လီလီ့ကို boyနေရာမှာထည့်သွင်းရေးသားထားပါတယ်)