Part 16

365 40 1
                                    

''ရက်စက်လိုက်တာ ရူဘီဂျိန်းရယ်. .ငါကတော့
မင်းကိုချစ်လိုက်ရတာ. .မင်းက ကိုကိုရဲ့ဇနီးလောင်း
တဲ့လား''

ရူဘီ့ကိုစော်ကားတာတွေမခံနိုင်တော့လိူ့ တစ်ချိန်က
ရူဘီနမ်းခဲ့တဲ့ပါးတစ်ဖက်ကို ရူဘီကိုယ်တိုင်ပဲ ပြန်
ရိုက်ခဲ့တယ်၊ ကိုယ့်လက်ကိုကိုယ်ပြန်ကြည့်ပြီးလှေကား ရင်းမှာထိုင်ပြီးငိုနေမိတယ်။

'' မောင်ရယ် စွပ်စွဲချကိတွေက ပြင်းထန်လိုက်တာ၊
ရူဘီဟာမုန်းသင့်တဲ့မိန်းမတစ်ယောက်ဆိုတာမှန်ပေမယ့် အဲ့ဒီလောက်ထိတော့အပေါစားမဆန်ခဲ့ပါဘူး''🌸

အဖြစ်အပျက်တွေကတကယ့်ကိုမြန်မြန်ဆန်ဆန်ပါပဲ၊
ဘန်သိပ်မြတ်နိူးရတဲ့ ချစ်သူက ခုတော့တစ်ခြား
ယောကိကျားတစ်ယောက်ရဲ့ ချစ်သူ၊ ဇနီးလောင်း
ဖြစ်လို့နေပြီ၊ ဘာများတတ်နိုင်ဦးမှာလည်း၊ မဆုံ
စည်းသင့်တဲ့ရေစက်တွေ ပဲဖြစ်မည်။

. . . . . . .

စေ့စပ်ပွဲ ပြီးမြောက်တဲ့အခါဧည့်သည်များကိုအစားသောက်ကျွေးမွေးသည်။

''ခါအီ ဟိုမှာ စတော်ဘယ်ရီမုန့်လေးငါ့ကိုယူပေးစမ်းပါ''

''ရော့ ဒီဟာလား ''

''အေး ''

''ဖြေးဖြေးစားစမ်းပါကွာ မင်းဟာကလည်း ဘယ်တုန်းကတည်းကငတ်လာတာလည်း၊ ဒါနဲ့ ဘန်ရော''

''ငါ ဘယ်သိမလည်းကွ''

ဘူဖေးလိုခင်းကျင်းထားတဲ့အစားသောက်တွေကိုတစ်
ခူပြီးတစ်ခူစားရင်းနဲ့ချယ်​ယောင်းတစ်ယောက်
အလုပ်များနေရှာသည်၊ ဒါကို ဝိုင်းတစ်ခုတည်းတွင်
ထိုင်နေသော ဂျီဆူးက မသတီစရာအကြည့်နှင့်။

''ဟွန်း စားထားလိုက်တာများ ပန်းကန်တွေကိုပုံလို့
အငတ်တိုင်းပြည် က များလာသလား၊ပုံစံကြည့်
တော့ရုပ်လေးကသားသားနားနားပါပဲ၊ ငတ်လိုက်တာ''
ထိူ့သို့တွေးနေတုန်း. .

'' ဟို အစ်မ ရှေ့ကအစ်မကြီး. . .''

''ကျွန်မကိုခေါ်တာလား''

''ဟုတ်တယ်လေ၊ အစ်မ ရှေ့က ပုစွန်ကြော်တွေက
မစားတော့ဘူးလား''

''အင်း''

''ဒါဆိုကျွန်တော်စားလိုက်မယ်နော်''

ရှင်သန်ရာဤအရပ်ဝယ်Where stories live. Discover now