ဆေးရုံမှာတစ်ရက်အပြည့်အဝအနားယူပြီး
နောက်တစ်နေ့မနက်တော့ ရူဘီ ေဆးရုံဆင်းခွင့်ရသည်။'' ဖြေးဖြေးလျောက်လေဂျိန်းရဲ့၊သတိထား''
''ရပါတယ်မင်ဆော့ရဲ့၊ ရူဘီကောင်းနေပါပြီ''
မင်ဆော့ က ရူဘီ ဆေးရုံဆင်းဖို့ မနက်အစောကတည်းက ရောက်နေသည်။ ရူဘီ့ကိုလိုလေသေး
မရှိအောင်ဂရုစိုက်ပေးပါသည်။ ကြ င်နာနွေးထွေး
တဲ့ယောက်ကျားတစ်ယောက်လို့တွေးမိ သည်နှင့်တစ်ပြိုင်နက်တည်း ပြန်မချစ်နိုင်၍လည်းအားနာရသည်။အိမ်ပြန်ရောက်သည်နှင့် ကြီးမေ တို့က ရှေ့ထွက်၍
ကြိုနေသည်။ ရူဘီ့ကိုကားပေါ်ကနေတွဲချ
ပေးကာ. .'' ရပါတယ်ကြီးမေရယ် သမီးလမ်းလျောက်နိုင်ပါတယ်၊တွဲဖို့မလိုပါဘူး''
'' သမီးလေးသက်သာရဲ့လား၊ ကြီးမေတို့ကသတင်း
ကြားကြားချင်းစိတ်ပူနေတာ၊ လာလာအိမ်ထဲဝင်
ရအောင်''အိမ်ထဲရောက်တော့ မင်ဆော့က. .
''ဂျိန်း ဒါဆိူအခန်းထဲသွားနားတော့နော် ၊ ဂျိန်း
စားဖို့ကိုယ် တစ်ခူခုပြင်ခိုင်းလိုက်ဦးမယ်''''ဟုတ်''
ဆေးရုံအငွေ့အသက်ကိုတစ်ရက်မျှခံစားခဲ့ရယုံတင်
ရူဘီ စိတ်ပျက်မိသည်။ လူကလည်းအနည်းငယ်
နုန်းနေသဖြင့် အခန်းထဲဝင်ကာ နားဖို့ပြင်လိုက်သည်။
မေမေတို့ကိုတော့ ရူဘီဆေးရုံတက်ရတဲ့အကြောင်း
မပြောဖြစ်၊ ပြောလျှင် ထိတ်လန့်သွားမှာစိူး၍ဖြစ်
သည်။အိပ်ရာထက်တွင်လှဲကာ မျက်ခွံများကိုမှိတ်ထားလိုက်
သည်။''ဒေါက် ဒေါက်''
တံခါးခေါက်သံအဆူံးမှာ ခြေလှမ်းဖွဖွလှမ်းသံ ကိုကြားလိုက်သည်။ ရူဘီမျက်လူံးဖွင့်မကြည့်မိ၊ ကြီးမေ
သို့မဟုတ် မင်ဆော့ ဖြစ်ရမည်။ လူကလည်းပင်ပန်း
နေသဖြင့် ဆက်အိပ်နေလိုက်သည်။ မျက်လွှာများကို
ချထားသော်လည်း အာရုံထဲကနေတစ်ယောက်
ယောက်စိုက်ကြည့်နေသည်ကိုခံစားရသဖြင့်.မျက်လုံး
များဖွင့်လိုက်သောအခါ''မောင်''
''ရူဘီ နေသာရဲ့လား၊ အိပ်နေတာအနှောင့်ယှက်များ
ဖြစ်သွားလား''
YOU ARE READING
ရှင်သန်ရာဤအရပ်ဝယ်
Fanfictionခံစားချက်တွေ အသက်ဝင် စေ မည့် မင်း ရှိရာအရပ်တွင်သာ ရှင်သန်ချင်သည်။ (ဒီ jenlisa ficလေးမှာတော့လီလီ့ကို boyနေရာမှာထည့်သွင်းရေးသားထားပါတယ်)