ရခဲလှတဲ့လူ့ဘဝမှာ နေ့ရက်တိုင်းကို နောက်ဆုံးနေ့လို့
သဘောထားပြီးဖြတ်သန်းပါတဲ့၊ ပြောချင်တာက
မနက်ဖြန်ဆိုတာ မသေချာတဲ့အတွက် ဒီနေ့ အဖို့
ပျော်ပျော်ရွှင်ရွှင်နဲ့ ချစ်တဲ့သူတွေ အနားမှာ တန်ဖိူး
ရှိတာတွေကိုလုပ်ရင်းကုန်ဆုံးသင့်တယ် ဆိုတာပါပဲ။
ဘန့်ရဲ့ဘဝမှာတော့ နေ့ရက်တိုင်းကို စိတ်ပျက်ငြီး
ငွေ့စွာ ဖြတ်သန်းခဲ့ရာကနေ ခု ဆရာမလေးကိုတွေ့
တဲ့အချိန်ကစပြီး ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွ ကြွ
စတင်ဖြတ်သန်းတော့တယ်။''ဘန်''
''အိုင်ရင်း''
'' ရော့ ဒီမှာ ဘန့်အတွက်ကော်ဖီ''
ဘန်:''ဒါတွေမယူလာလည်းရပါတယ်အိုင်ရင်းရဲ့၊''
''အော် ရင်း က ဘန့်ကိုသောက်စေချင်လို့ ယူလာတာကို သောက်လိုက်ပါနော်''
ဘန်:''အင်း ကျေးဇူးပဲအိုင်ရင်း''
အိုင်ရင်း ဆိုသည်မှာ ဘန်တို့ကျောင်းရဲ့အလှဘုရင်မ။
ပုရိသ ယောက်ကျားတွေတိုင်းက လိုချင်တပ်မက်ရတဲ့ မိန်းကလေး၊ အဲ့ဒီမိန်းကလေးက ဘန့်ကိုသဘောကျနေတာအတော်ကြာပြီ၊ နေ့တိုင်းလိုလိုလည်း ဘန့်ဆီကို ကော်ဖီလာ ပေးနေကြ၊ အဲ့ဒီလိူသူမ
လာတိုင်း ဘန်တို့မေဂျာက ကောင်တွေအကုန်လူံးက
အားကျတဲ့မျက်ဝန်းတွေ၊ တစ်ချို့ကျတော့လည်းဘန့်
ကို သတ်ပြစ်ချင်သလိုအကြည့်တွေနဲ့ကြည့်ခံရစမြဲ။အိုင်ရင်းကြွေမယ်ဆိုလည်းဘန်ဟာကြွေလောက်စရာပါ၊ အိုင်ရင်းကအလှဘုရင်မဆိုရင် ဘန်ကဒီကျောင်း
ရဲ့အလှဘုရင်ပဲ ၊ချောမောပြေ ပြစ်လှတဲ့မျက်နှာ၊
တောင့်ဖြောင့်သော bodyနှင့် အရပ်ရှည်ရှည် ကောင်
ကလေးဘန်ဟာလည်းကောင်မလေးများကြား
အတော်လေးရေပန်းစားသည်။''မင်းမသောက်ရင်လည်းငါသောက်လိုက်မယ်လေကွာ''
''ချယ်ယောင်းနော် ရင်းက ဘန့်ကိုပဲတိုက်တာ''
''အောင်မလေး ကော်ဖီတစ်ခွက်နဲ့များနော်
ကပ်နေလိုက်တာ''🙄ဘန်:''မင်းကလည်းကွာ မသဒါတာကို သောက်ချင်မနေပါနဲ့''
''ခစ်ခစ် စတာပါ နောက်တခါချယ်ယောင်းအတွက်
လည်းရင့်းဝယ်ခဲ့မယ်''
YOU ARE READING
ရှင်သန်ရာဤအရပ်ဝယ်
Fanfictionခံစားချက်တွေ အသက်ဝင် စေ မည့် မင်း ရှိရာအရပ်တွင်သာ ရှင်သန်ချင်သည်။ (ဒီ jenlisa ficလေးမှာတော့လီလီ့ကို boyနေရာမှာထည့်သွင်းရေးသားထားပါတယ်)