Part 25

476 50 4
                                    

'' ရူဘီ ဘာပြောလိုက်တယ်''

''မောင့်ကိုချစ်တယ် ဟုတ်လား''

''အင်း မကြားဘူးလားလို့လူဆိုးကြီးရဲ့''

ငိုမဲ့မဲ့နှင့်သူမပြောတော့ ကျွန်တော်ဟာ ဝမ်းသာလွန်းလို့ ဘာပြောရမှန်းမသိ။

''မောင် လည်းရူဘီကိုချစ်တယ်၊ လာဟိုနားမှာထိုင်
ရ​အောင်''

သူမရဲ့လက်ဖဝါးသေးသေးလေးကိုဆုပ်ကိူင်လိုက်ကာ လမ်းမဘေးတွင်ရှိသောအုတ်ခုံလေးတစ်
ခုပေါ်သို့ထိုင်လိုက်ကြသည်။

''အဲ့တော့ ဓားထိူးခံရတဲ့လူက မောင်ထင်လို့
ပြေးလာတာပေါ့ ဟက်ဟက်''

''မောင် နော် ဘာလို့ရယ်တာလည်း သူများကစိတ်ပူလို့ ကို''..

''ရော့ မောင့်ဖိနပ်လေးစီးလိုက်နော်''🌻🌸

မောင်ဟာ သူစီးထားတဲ့ဖိနပ်လေးကိုချွတ်၍ ရူဘီ့ရဲ့
ခြေထောက်တွင်စီးပေးသည်။

''ဖိနပ်မပါပဲပြေးလာတော့ ရူဘီ့ရဲ့ခြေဖဝါးနုနုလေးတွေ နာကုန်မှာပေါ့''

'' မောင့်ကိုစိတ်ပူတဲ့ဇောနဲ့ပြေးလာလိုက်တာ နာမှန်း
တောင်မသိပါဘူး''

''ရူဘီ''

''မောင်သိချင်တာရှိတယ်၊ ''

ပြောလေဆိုသည့်သဘောဖြင့် မျက်လွှာကိုပင့်ပြတော့
မောင်က မဝံ့မရဲ့ပြောလာသည်။

'' ကိုကို့ကိုရောဘယ်လိုသဘောထားလည်းဟင်''

''မောင် ''

''ရူဘီ အမှန်အတိုင်းပြောပြပါ့မယ်. . .''

ဒီလိုနဲ့ရူဘီဟာ အစ်ကိုမင်ဆော့ကိုအကြွေးတွေရှိ​
နေလို့စေ့စပ်ခဲ့ရကြောင်း ပြောပြတယ်။

''ဒါဆို ကိုကိုက ရူဘီ.ကိုအကြွေးနဲ့သိမ်းထားတဲ့သဘောမျိုးပေါ့''

''တောက် မိုက်ရိုင်းလိုက်တာကွာ၊အခုသွားရှင်းမယ်''

ဒေါသတကြီးဖြင့်ထသွားမည်ဟန်ပြင်တော့ရူဘီ
ဟာကျွန်တော့်လက်မောင်းကိုဆွဲ တယ်။

''နေပါဦးမောင်ရယ် စိတ်လိုက်မာန်ပါမလုပ်လိုက်ပါနဲ့
မင်ဆော့ အကြောင်းကိုမောင်လည်းသိသားပဲ၊
မောင့်ကိုပြသနာရှာမှာစိူးတယ် ပြီးတော့ဖေဖေ. .''

ရှင်သန်ရာဤအရပ်ဝယ်Where stories live. Discover now