Part22

398 49 14
                                    

''အိုင်ရင်း ပြန်ရောက်နေတာဘာလို့ကျွန်တော့်ကို
မပြောတာလည်း''

''အော် ဘန့်ကိုအံ သြ သွားစေချင်လို့လေ၊ မနေ့ည
ကမှပြန်ရောက်တာ''

''ဘယ်လိုလည်း စင်ကာပူမှာပျော်ခဲ့ရဲ့လား ကျွန်တော့်
အတွက်ဘာပါလည်း''

''ပါတာပေါ့ ဒီမှာ ရေမွှေး ၊ သိပ်မပျော်ခဲ့ရပါဘူးဘန့်ကိုသတိရလို့လေ''

စကားတွေ ပြောပြီးပြုံးပျော်နေလိုက်တာများ ရူဘီ့
ဟာ ကိုယ်ပျောက်လူသားအလား၊

''နေပါဦးသူ့ကိုတွေ့ဖူးပါတယ် ၊ အော် ကျောင်းကပဲ
မောင် နဲ့ကအဲ့ဒီလောက်တောင်ရင်းနှီးကြတာလား''

ခြံတံခါးကိုပြန်ပိတ်ကာ သူတို့ကိုဂရုစိုက်မနေတော့ပဲ
ပန်းပင်လေးတွေကိုသာရေလောင်းနေလိုက်သည်။

''အိုင်ရင်း လာလေအိမ်ထဲဝင်ဦး''

''မဝင်တော့ပါဘူး ၊ ဘန်အပြင်လိုက်ခဲ့လေ''

''ကောင်းပြီ လေ ''

အိုင်ရင်း စင်ကာပူကိုခရီးထွက်နေတာ တော်တော်
ရက်ကြာတယ်၊ ဟိုမှာရောက်နေတုန်းကလည်း
ခဏခဏဘန့်ဆီကိုဖုနိးဆက်တယ်၊ ဘန်ကတော့အိုင်
ရင်းကိုသာမန်သူငယ်ချင်းလိုပဲသဘောထားပါတယ်၊
ဒါပေမယ့်အိုင်ရင်းဘက်ကတော့အဲ့ထက်ပိုမယ်
ထင်သည်။

ပန်းလေးတွေကိုရေလောင်းနေရင်း မောင်တို့ဘက်ကို
တစ်ချက်တစ်ချက်အကြည့်တွေဟာရောက်သွားသည်။
ခဏကြာတော့ မောင့်လက်မောင်းကိုထိုမိနိးကလေးဟာတွဲခိုကာ အပြင်ထွက်သွား သည်။

''ကျစ် ဒီရေပိုက်ကလည်း ဒီနေ့ကျမှဘယ်လိုဖြစ်
နေမှန်းမသိဘူး''

ဘာမှမဆိုင်တဲ့ရေပိုက်ကိုသာဒေါသထွက်လို့နေသည်။
သဝန်တိုနေတာလား၊ မဟုတ်ပါဘူး ရူဘီကလေ
မောင့်ကို. .
သဝန်တိုနေတာ ရူဘီကိုယ်တိုင်တောင်
ဝန်မခံနိုင်ဘူး။

''အဲ့ဒီလိုပဲ ဒေစီတွေ ဟာ မာနခက်ကြီးကြီး''🌸

ကိုယ့်ကိုကိုယ်တောင်ပြန်လိမ်နေတဲ့မုသားတွေဟာ
လောကမှာအဆိူးဆုံးမုသား။

မောင် တို့အပြင်ကိုထွက်သွားသည်နှင့်ရေပိုက်ကိုပိတ်ကာ အိမ်ထဲသို့ပြန်ဝင်ခဲ့သည်။ စိတ်ထဲက
ဘယ်လိုဖြစ်မှနိးမသိ၊ အစာမကြေသလိုလို ရင်ခံ
နေသလိုလိုပဲ ၊ အဲ့တာနဲ့ ဧည့်ခန်းတွင်ထိုင်ကာ ခဏအမောဖြေနေလိုက်သည်။

ရှင်သန်ရာဤအရပ်ဝယ်Where stories live. Discover now