အမှောင်ထဲကို ကျသွားတယ်ထင်ခဲ့တာ၊ မျက်လူံး
တွေပွင့်လာတော့. . ဖြူစွတ်စွတ် မိုးကောင်းကင်ကြီး
မြင်သမျှအရာဟာ ဖြူစွတ်နေတယ်၊ သေသေချာချာ
ကြည့်မိတော့ ဘေးပတ်ဝန်းကျင်ဟာ ဒေစီအဖြူ
တွေချည်းဝန်းရံထားတယ်၊ ရောက်နေတဲ့ နေရာကို
ရေရေရာရာမသိ၊ ဒါပေမယ့် အေးချမ်းနေတယ် . .တစ်ရင်းတစ်နှီးရှိနေတယ် ဟု စိတ်ထဲမှာ
တွေးတောနေတုန်း ညင်သာစွာခေါ်တဲ့အသံလေးကို
ကြားလိုကိတယ်. .အရင်းအနှီးဆူံးအသံလေး. .''မောင်''
''ရူဘီ. .''
မောင့်ရူဘီ ၊ မှနိပါသည်၊ဒေစီဖြူဖြူ တွေကြား
ထဲမှာ ကျွန်တော့်အမျိူးသမီးငယ်ဟာ ဂါဝန်ဖြူဖြူ
လေးနှင့်၊ ကျွန်တော့်ကိုပြုံးကာ ခေါ်သည်။
ဝမ်းသာအားရနှင့်ကျွန်တော်ပြေးကာသွားတော့. .
သူမ ဟာကျွန်တော်နှင့်ပို၍ ပင်ဝေးလို့သွားသည်။
ကျွန်တော်အမောတစ်ကောပြေးလိုက်တယ်၊
နဖူးကချွေး ခြေမ ကျသည်အထိ ကျွန်တော့် ရူဘီရှိ
တဲ့နေရာကို ပြေးလိုက်တယ်၊ မရောက်နိုင်ခဲ့ဘူး။''ရူဘီ မောင့်ကို စောင့်ပါဦး၊ အဲ့ဒီမှာပဲရပ်နေပါ. .''
''ရူဘီ ဘယ်မှမသွားပါဘူး မောင်ရယ်၊ မောင့်အနီး
အနားမှာပဲရပ်နေတာပါ''အနီးအနားမှာရပ်နေတယ်ပြောပေမယ့် ကျွနိတော်
လိုက်လေ ဝေးလေပဲ။ ခြေကုနိလက်ပန်းကျသဖြင့်
ပြေးနေတဲ့အရှိန်ကိုလျော့လိုကိတော့ ရူဘီဟာကျွန်
တော့်ဆီလှမ်းလာတယ်။ အဲဒီလိုမှပဲ ကျွန်တော်နဲ့
နီးကပ်လာတော့တယ်။''မောင် မောအောင်လို့ဘာဖြစ်လို့ပြေးလိုက်နေရတာ
လည်း. .''ကျွန်တော့်ရှေ့တွင်အမျိုးသမီးငယ်ဟာခြေစုံရပ်
တော့ ဝမ်းသာအားရ အမျိူးသမီးငယ်ရဲ့ကိုယ်လုံး
လေးကိုသိမ်းကြုံးဖက်ပစ်လိုက်တော့သည်။
သူမကတော့ကျွနိတော့်ရဲ့နောက်ကျောကိုခပ်ဖွဖွ
ပုတ်ရှာသည်။ ပြီးနောက်. .
YOU ARE READING
ရှင်သန်ရာဤအရပ်ဝယ်
Fanfictionခံစားချက်တွေ အသက်ဝင် စေ မည့် မင်း ရှိရာအရပ်တွင်သာ ရှင်သန်ချင်သည်။ (ဒီ jenlisa ficလေးမှာတော့လီလီ့ကို boyနေရာမှာထည့်သွင်းရေးသားထားပါတယ်)