Part 8

413 47 2
                                    

'' ရူဘီ ''

''ကျွန်တော်ရူဘီ့မျက်ရည်တွေကိုမမြင်ချင်ဘူး၊
မငိုပါနဲ့လား၊ ''

''မင်း က ငိုအောင်လုပ်တာကိုး''

''ကျွန်တော့်ကိုချစ်တယ်မလား ရူဘီ''

''မင်း ဘယ်လိုထင်လို့လည်း''

'' ကျွန်တော်ထင်တာ ကို ရူဘီသိတယ်မလား၊
ရူဘီပြောတာကို ကျွန်တော်ကြားချင်တယ်၊
လုပ်ပါနော်၊ ပြောပါ''

''အင်း ချစ်တယ်''

သူရဲ့ချစ်တယ်ဆိုတဲ့စကား ကြားလိုက်ရချိန်မှာ
တစ်လောကလုံးကပန်းတွေပွင့်ဖူးလာသလိုမျိုး၊
ခြောက်သွေ့ ပြီး သေခါနီးဆဲဆဲ သစ်ပင်တစ်ပင်ကို
ရေအပြည့်လောင်းလိုက်သလိုမျိုး၊ အရာအားလူံး
ဟာအသစ်တစ်ဖန်ပြန်လည်အသက်ဝင် လာသလိုမျိူး။

ကျွန်တော်တို့ချစ်သူတွေ ဖြစ်သွားပြီ။
ရူဘီဆိုတာကျွန်တော့်ရဲ့ဓာတ်စာလေး

''ဆောင်းဟွနိးရှီး''

''ပြောလေ ဂျိန်း၊ ဂျိန်းပြောစရာရှိတယ်ဆိုလို့ အလုပ်
တွေထားခဲ့ ပြီး ဒီကိုကမန်းကတန်းပြေးလာတာ''

ဆောင်းဟွန်း ကိုပြောစရာရှိသည်ဟုဆိုကာ ကော်ဖီ
ဆိုင်တစ်ခုတွင်ချိန်းဆိုလိုက်သည်။ သေချာတာက
တော့သူ့အတွက်သတင်းကောင်း မဟုတ်''

'' ဆောင်းဟွန်းရှီး. ဂျိန်းပြောတာကို သေချာနား
ထောင်ပေးပါနော်၊ . . .
ဟိူ ဂျိန်းမှာ ချစ်သူရှိနေပြီ''

''ဘယ်လို ကိုယ်နားမလည်ဘူးဂျိန်း''

''ဂျိန်း မှာရှင့်အပြင်နောက်တစ်ယောက်ရှိနေပြီ''

''ဘာ၊ ဘာပြောလိုက်တယ်ဂျိန်း''

''ဟုတ်တယ်၊ ဒါကြောင့်မလို့ဂျိန်းတို့လမ်းခွဲရအောင်''

''ရက်စက်လိုက်တာဂျိန်းရယ်၊ လုပ်ရက်လိုက်တာ''

''ဂျိန်းတကယ်တောင်းပန်ပါတယ် ၊ ဆောင်းဟွန်းက
လက်မလွှတ်သင့်တဲ့လူကောင်းတစ်ယောက်ပါ၊
အဲ့တာမလိုလည်းဂျိန်းချစ်ကြည့်ဖို့ကြိုးစားခဲ့ပါတယ်၊
ဒါပေမယ့် ဂျိမ်းနှလူံးသားထဲမှာတခြားလူတစ်ယောက်က ဝင်ရောက်နှင့်နေခဲ့ပြီးပြီ''

ရှင်သန်ရာဤအရပ်ဝယ်Where stories live. Discover now