Part 5

414 47 3
                                    

'' ရှင်သန်ခြင်းအရပ်ဟာ မင်းဖြစ်ကြောင်း......
မင်း မရှိရင် တိမ်တွေဟာပြို ကြောင်း. . .
ကောင်းကင်မှာ ကြ ယ်တွေမလင်းကြောင်း. .
ဥသြ တွေဟာ တေးမသီတော့ကြောင်း. .
ရူဘီ ဆိုတာ ဘန့်အတွက် နားခိုရာဖြစ်ကြောင်း. .

''အချစ်ကိုဘယ်လိူမြင်လည်း ဂျိန်း''

ပိတ်ရက်မှာ ဆောင်းဟွန်းနဲ့အတူရုပ်ရှင်ကြည့်ပြီးအပြန် ရပ်ကွက်ထဲက ပန်းခြံထဲမှာ လမ်းလျောက်ရင်း
ဆောင်းဟွန်းကမေးသည်။

'' အချစ်..အင်း အချစ်ဆိုတာ ကို နှလုံးသားနဲ့ခံ
စားမယ်ဆိုရင်တော့ စွန့်လွှတ်အနစ်နာခြင်း ၊ ဦးနှောက်နဲ့ ခံစားမယ်ဆိုရင်တော့ ရယူခြင်းပေါ့ ။''

''ဒါဆို ဂျိန်းကရော အချစ်ကိုနှလူံးသားနဲ့ခံစားတာလား၊ ဦးနှောက်နဲ့ခံစားတာလား''

ရူဘီ: '' ကျွန်မ အချစ်ကိုခံစားရအောင်၊ အချစ်ကို
ကျွန်မ မတွေ့ ကြုံဖူးသေးဘူး၊ အခုကျွန်မ ပြောလိုက်တာတွေက စာထဲက ဖတ်ဖူးတာ၊ စာအုက်တွေထဲ
မှာတော့ အချစ်ကိုအမျိုးမျိုး ဖွင့်ဆိုကြတယ်၊ တကယ်လို့ကျွန်မဟာအချစ်ကိုတွေ့ခဲ့မယ်ဆိုရင်လည်းရင့်ကျက်ပြီးနားလည်မူရှိတဲ့အချစ်မျိူးကိုပဲရွေးချယ်မယ်၊ ''

ဘာကြောင့်မှန်းမသိအချစ်ကြောင်းပြောနေရင်းကနေရူဘီ့စိတ်ထဲမှာဟိုချာတိတ်လေးကိုဖြတ်ခနဲပြေးမြင်
မိသည်။

''ကျွန်တော်ကတော့အချစ်ကို ပေးဆပ်ခြင်းလို့ပဲ
သတ်မှတ်ထားတယ်၊ မပိုင်ဆိုင်ရရင်လည်းဖြစ်တယ်၊
ကိုယ်ချစ်တဲ့သူပျော်နေတာမြင်ရရင်ကျွန်တော်ကျေနပ်တယ်''

ရူဘီ:'' အဟက်ဟက် ဆောင်းဟွန်းကမထင်ရဘူးပဲ၊
တော်တော်စိတ်ကူးယဥ်ဆန်ပြီးချစ်တတ်တဲ့သူပဲ''

'' ဂျိန်း သာ ကျွန်တော့်အချစ်ကိုလက်ခံမယ်ဆိုရင်
အစွမ်းကုန်ကျွန်တော်ချစ်ပေးနိုင်ပါတယ်''

ရူဘီ: ''အော် လက်စသတ်တော့ ဆောင်းဟွန်းရှီးက လိပ် မျိုးကိူး ခိခိ''

''မနောက်ပါနဲ့၊ ဂျိန်း ရယ် ကျွန်တော်အတည်ပြောနေတာပါ၊ ကျွန်တော် ချစ်ရေးဆိုထားတဲ့ကိတ်စကို
ဘယ်တော့လောက်များအဖြေပေးမလဲဟင်''

ရှင်သန်ရာဤအရပ်ဝယ်Where stories live. Discover now