Part 11

396 43 2
                                    

မောင် နဲ့ ချိန်းထားလိူ့ ဒီနေ့ လှလှပပ ဂါဝန်လေးတစ်
ထည်ကိုသေချာရွေးပြီးဝတ်လာခဲ့တာ၊ အလှဆူံးပုံစံ
လေးကိုမောင့်ကိုပြချင်လို့၊ ဒါပေမယ့်လမ်းမှာ
အချိူးမပြေတဲ့ကားတစ်စီးကြောင့် လဲကျပြီးတံတောင်တွေပွန်းကုန်တယ်။ နာတာကိုလည်းသိပ်
ပြီးအာရုံမရ ၊ မောင် စောင့်နေရမှာစိူးတာနဲ့ပဲ မြန်
မြန်ထလာလိုက်တယ်။

''မောင်''

''စောငိ့နေရတာကြာသွားပြီလား''

''မကြာသေးပါဘူးရူဘီရဲ့ ၊ တစ်စုံတစ်ယောက်ကို
စောင့်နေရတာ မျိူးက ဒီလောက်တောင်ကောင်းပါ
လားလို့တောင်တွေးနေတာ မောင်က''

''မောင်နော်စကားသိပ်တတ်''

''မောင့်ဒဏ်ရာတွေရောညက ရူဘီပေးလိုက်တဲ့ဆေး
ထည့် ပြီးရဲ့လား''

'' လိမ်းထားပါတယ်ရူဘီရဲ့ သက်သာနေပါပြီ''

''ကဲသွားကြမယ်လေ''

လက်ကိုကမ်းပေးလိုက်တော့ ပြန်ပြီးဆုပ်ကိုင်လာတဲ့
ချစ်သူရဲ့လက်ဖဝါးသေးသေးလေး။ ပြီးနောက်
အထင်ကရလမ်းလေးတစ်ခူဖြစ်တဲ့ ဆိူးလ်မြို့ရဲ့
အသာယာဆုံးနေရာလေးကို ဦးတည်လာလိုက်ကြသည်။

''ရာ သီဥတုက အရမ်းသာယာတာပဲနော်မောင်''

''ဟုတ်ပ၊ မောင့်အတွက်ကတော့ပုံမှန်ထက်ပိုပြီး ကို
သာယာနေတာ၊ မောင့်ချစ်သူလေးဘေးနားရှိနေလို့
ထင်တယ်''

''မောင်ကတော့ပိုပြီ''

''ခုလိုရူဘီ့လက်လေးကိုတွဲ ပြီးအတူတူလမ်းလျှောက်
ခွင့်ရဖို့ မောင်ကအကြိမ်ကြိမ်စိတ်ကူးယဥ်ခဲ့ရတာ
အဲ့တာသိရဲ့လား၊ မောင်ကရူဘီ့ကိုသိပ်ချစ်တာ''

'' ရူဘီလည်းချစ်တယ် မောင်၊ မောင်မှတ်မိလား
မိုးရေထဲမှာ ရူဘီ့ကိုပြေးဖက်လိုက်ကတည်းက မောင့်ကို ရူဘီချစ်မိသွားတာ''

''တကယ်''

''အင်း လေးကယ်''

''ဒီမှာခဏထိုင်ရအောင်ရူဘီ''

ချယ်ရီပင်တွေ မြိုင်မြိုင်ဆိုင်ဆိုင်ပွင့်လန်းနေတဲ့
လမ်း မကြီးရဲ့ဘေးကထိုင်ခုံလေးမှာနှစ်ယောက်အတူတူထိူင်လိုက်ကြတယ်။ ပြီးတော့. .ရည်းစားမဖြစ်
ခင်ကတည်းက ဘန်ဝယ်ထားခဲ့တဲ့ ရူဘီ့အတွက်လက်
စွပ်လေးကိုထုတ်လိုက်တယ်။

ရှင်သန်ရာဤအရပ်ဝယ်Where stories live. Discover now