'' ဘာပြောလိုက်တယ်ရူဘီ. .''
'' လမ်းခွဲရအောင် ဟုတ်လား''
''ဟုတ်တယ် မောင် ၊ တော်လိုက်ကြရအောင်''
ပြောရင်းနဲ့ အံကိုကြိတ်ကာလက်သီး ဆုပ်ထားမိသည်။ မထင်မှတ်ထားတဲ့အချိန်မှာမှလမ်းခွဲစကား
ကိုသူမဘက်ကဆိုလာတယ်။''ဘာ. . ဘာပြောလိုက်တယ် ရူဘီ''
''မောင် ကြားလိုက်တယ်မလား''
'' မောင့်ကိုနောက်နေတာလား၊ လူကြီးတွေနဲ့တွေ့ခါနီး
မနောက်ရဘူးလေကွာ''''မနောက်ဘူး၊ ရူဘီအတည်ပြောနေတာ၊ ''
'' အကြောင်းပြချက်က''
''ရူဘီလက်ထပ်တော့မယ်''
''ဘာ. .''
အံ့သြမူတွေနဲ့အတူခြေထောက်တွေဟာလည်းမခိူင်
တော့ယိူင်နဲ့လာတယ်။''မင်း မောင့်ကိုသစ်စာဖောက်တာလားရူဘီ''
''အင်း အဲ့လိုပဲဆိုရမှာပေါ့မောင်၊ ဒါကြောင့်မလို့ ရူဘီ့
ကိုမေ့ပြီးမောင့်ဘဝကိုအသစ်ကပြန်စပါတော့''''လွယ်လှချည်လား ရူဘီဂျိန်းရဲ့၊ မင်းအတွက်ဒီလို
စကားတွေပြောဖို့ အရမ်းကိုလွယ်ကူနေတာလား''''ငါ့ကိုသေချာကြည့်စမ်းရူဘီ၊ မင်း ငါ့ကိုတကယ်
မချစ်ခဲ့ဖူးလား''''တကယ်ချစ်တာမချစ်တာတွေက အရေးပါလို့လား
မောင်ရယ်၊ ဘဝအတွက်စဥ်းစားတဲ့အခါအချစ်က
အသုံးမဝင်တော့ပါဘူး''''အော်. .အော် မင်းဘဝအတွက် ငါ့အချစ်ကအသူံးမဝင်ပါဘူးပေါ့
၊ ဒါဆိုငါမင်းအပေါ်ပေးတဲ့အချစ်တွေကိုဘာလို့လက်ခံခဲ့သေးတာလည်း၊ လာလီဆာမာနိုဘန်ကို
ပျော့ညံ.တဲ့ကောင်ဆိုပြီးပေါ့သေးသေးတွက်ထားခဲ့တာလား ရူဘီဂျိန်း. .ဟမ်
ပြောစမ်းပါဦး''''ရူဘီ့မှာဘာမှပြောစရာမရှိတော့ပါဘူးမောင်
တောင်းပန်ပါတယ် ရူဘီ့ကိုမုန်းလိုက်ပါ၊ ခွင့်မလွှတ်ပါနဲ့''ကျဆင်းချင်နေတဲ့မျက်ရည်တွေကို အစွမ်းကုန်ထိန်း
ချူပ်ပြီး ချစ်တဲ့သူကိုလမ်းခွဲစကားဆိုနေရတာ
ဘယ်လောက်တောင်ပင်ပန်းနာကျင်ရလည်းဆိုတာ
မောင်သိမှာမဟုတ်ပါဘူး။
YOU ARE READING
ရှင်သန်ရာဤအရပ်ဝယ်
Fanfictionခံစားချက်တွေ အသက်ဝင် စေ မည့် မင်း ရှိရာအရပ်တွင်သာ ရှင်သန်ချင်သည်။ (ဒီ jenlisa ficလေးမှာတော့လီလီ့ကို boyနေရာမှာထည့်သွင်းရေးသားထားပါတယ်)