Part12

356 40 1
                                    

ဘာလိုလိုနဲ့ဘန်တို့ချစ်သူဖြစ်တာ သုံးလတောင်
ပြည့်ခဲ့ ပြီ၊ သူံးလအတွင်းမှာတစ်ယောက်ကိုတစ်
ယောက်​အရမ်းချစ်ပြီးနားလည်မှုနှင့်ရှေ့ဆက်ခဲ့
ကြသည်။ ဘန်တို့အချစ်အရေးဟာသာသာယာယာ
ပါပဲ။ ခုဆိုရင်စာမေးပွဲလည်းနီးနေပြီဆိုတော့ဘန့်ကို
ရူဘီက ညပိူင်းတွေမှာစာပြပေးသည်။

''တောက်''

''အား နာလိုက်တာရူဘီရယ်''

ကျွန်တော့်ရဲ့မဟာနဖူးကို သူ့လက်ညှိုးလေးနဲ့အညှိိုး
ရှိရှိတောက်ချသည်။

'' မောင့်ကိုပြောထားတယ်လေ ဒါက ပေါင်းရမှာ
မဟုတ်ဘူး ပိုင်းခြေမှာသွားနှုတ်ရမှာလို့၊ ဘယ်နှစ်
ခေါက်ရှိနေပြီလည်းတွက်နေတာ''

အိမ်နားကcafeဆိုင်တစ်ခုမှာ ကျောင်းကအပြန်
စာလုပ်ဖို့ လာခဲ့ရာ မနေ့က ကြည့်ခဲ့သမျှစာတွေမမှတ်
မိတော့သဖြင့်ဆရာမလေးဆုံးမတာကိုခံနေရသည်။
ဘန့်မှာလည်း နဖူးလေးကိုပွတ်ကာပွတ်ကာနှင့်

''ဟိူ သူံးခေါက်ထဲရှိပါသေးတယ်ရူဘီရ ၊မောင်ကသူံး
ခေါက်နဲ့ဘယ်လိုလုပိမှတ်မိမလည်း''

''ပြောလိုက်ရင်အဲ့လိုပဲ၊ မောင်ကလေညဏ််ကောင်းရဲ့
သားနဲ့မှတ်ရမှာကိုပျင်းနေတာ၊ ပြောထားမယ်နော်
အမှတ်မကောင်းရင်နှစ်လတိတိ အနမ်းမရဘူးမှတ်''

''အဲ့ဒီလိုတော့မလုပ်ပါနဲ့ရူဘီရယ်၊မောင်ရအောင်တွက်မယ်နော်''

''ပြီးရောပြန်တွက်''

ပုဒ်စာတွေကိုနောက်ဆုံးတစ်ခေါက်ထပ်လည်းထွက်
ပြီးရော

''မောင်.  . . .''

မောင်ဆိုတဲ့အော်သံက ကော်ဖီဆိုင်တစ်ခူလုံးတောင်
တုန်သွားတယ်။

''ဟိုက်စ် မှားပြန်ပြီ''
. .

''ရူဘီ''

''ပြောလေ မောင်''

စာလုပ်ပြီးတော့ရူဘီ့ကို အိမ်ပြနိလိုက်ပို့ပေးရာလမ်း
တွင်ဖြစ်သည်။ ဘန့်ရဲ့လက်မောင်းကိုရူဘီကချိတ်ထားလျက် . .ဒီအခိုက်အတန့်လေးက ဘာနဲ့မှမလဲ
နိုင်အောင်ပါပဲ။

'' စာမေးပွဲ ပြီးရင် မောင်တို့ ခရီးထွက်ရအောင်လေ''

''ဘယ်ကိုလည်းမောင်ရဲ့''

ရှင်သန်ရာဤအရပ်ဝယ်Where stories live. Discover now