'' မင်း မရှိတဲ့အရပ်မှာ မောင်မရှင်သန်ချင်ပါဘူး
မရှင်သန်နိုင်ပါဘူး ရူဘီ💔''***************
'' နောက်လမှာကျင်းပတော့မယ့်သားကြီးရဲ့ လက်ထပ်ပွဲကို ဖေဖေကတော့အခမ်းအနားဆုံးဖြစ်
စေချင်တယ်'''' ဖေဖေအာရုံစိုက်ပေးလို့သားတကယ်ကျေးဇူးတင်ပါတယ်''
'' ဖေဖေတို့ မြို့ရဲ့အကောင်းဆူံးဆိုတဲ့ စားဖိုမှူးတွေ
ကိုအစားသောက်အတွက်တာဝန်ယူခိုင်းမယ်
အကြီးကျယ်ဆူံးဖြစ်နေရမယ်၊ ဒါနဲ့နှစ်ဖက်မိဘ
စားပွဲကိုရောဘယ်တော့လုက်မှာလည်း''''အဲ့တာသားဂျိန်းကိုပြောထားပါတယ် သဘက်ခါကျရင် စားသောက်ဆိုင်တစ်ခုမှာ ဘိုကင်တင်ထားတယ်''
''ကောင်းတယ် ''
ညစာစားရင်း ဖေဖေတို့ပြောတာတွေကိုဘန် နား
ထောင်နေမိတယ်၊ မကြာခငိ. . ရူဘီနဲ့အစ်ကို
မင်ဆော့က လက်ထပ်တော့မှာပါလား. .
အသက်ရူသံတွေ မြန်ဆန်လာပြီး ရင်ဘက်ထဲ့ကရုတ်
တရက်ဆိုသလိုထိူးအောင့်လာသည်။''ဟင့်အင်းမဖြစ်ရဘူးလေ''
''သား ဘန် စားလို့မကောင်းလို့လား''
''မဟုတ်ပါဘူး သားဗိုက်ပြည့်နေလို့ပါ၊ သွားနားတော့မယ်နော်ဖေဖေ''
''အေး အေး ''
ထမင်းစားချင်စိတ်မရှိတော့တာနဲ့ထမင်းစားခနိးကနေထလာခဲ့လိုက်သည်။
အံဆွဲထဲမှာထည့်ထားတဲ့ ရူဘီရဲ့ဓာတ်ပုံလေးကို
ထုတ်ကြည့်နေမိတယ်။ ဓာတ်ပုံမှန်လေးပေါ်သိူ့
တစ်လိမ့်ချင်းကျဆင်းသွားသောမျက်ရည်စက်များ။
တစ်သက်လူံးဘာအတွက်ကြောင့်နဲ့မှမျက်ရည်မကျ
ဖူးတဲ့ဘန်ဟာ သူမနဲ့ပက်သက်လာရင်ထိလွယ်ရှလွယ်။
ထိုစဥ်ကျွန်တော့်အခန်းထဲကိုတံခါး
မခေါက်ခွင့်ပြုချက်မတောင်းပဲဝင်လာသောအစ်ကို
မင်ဆော့ကြောင့် ဓာတ်ပုံလေးကိုအလျင်အမြန်အံဆွဲ
ထဲသို့ထည့်သိမ်းလိုက်သည်။'' ဘယ်လိုလည်း companyလည်းမသွားရတော့ဘူးဆိုေတာ့ ပျင်းနေမှာပေါ့
ခုမှ နေရာမှန်ကိုပြန်ရောက်သွားတာပဲ
အဲ့ဒိလိုပဲဖြစ်သင့်တာ ၊ ကိုယ့်အပိုင်မဟုတ်တာတွေကိုလောဘမတက်သင့်ဘူးလေ''
YOU ARE READING
ရှင်သန်ရာဤအရပ်ဝယ်
Fanfictionခံစားချက်တွေ အသက်ဝင် စေ မည့် မင်း ရှိရာအရပ်တွင်သာ ရှင်သန်ချင်သည်။ (ဒီ jenlisa ficလေးမှာတော့လီလီ့ကို boyနေရာမှာထည့်သွင်းရေးသားထားပါတယ်)