မြတ်နိုးခြင်းတွေရဲ့အစက မောင့် ဆီမှာ။
မောင် ဆိုတာရူဘီ့အတွက်တော့အရာရာ။
မောင်က စချစ်ခဲ့တယ် ရူဘီကဆက်ပြီးချစ်မယ်။'' မောင်''
ညနေကျောင်းဆင်းချိန်ရောက်တော့ မောင်ကရူဘီ့ကိုအိမ်လိုက်ပို့ဖို့ ကျောင်းနဲ့အနည်းငယ်လှမ်းတဲ့ လမ်း
သွယ်တစ်ခုမှာစောင့်နေတယ်၊ ရူဘီ့ရဲ့ချစ်သူမလို့
ပြောတာမဟုတ် ဘူး၊ မောင် ကတကယ်က်ုကြည့်
ကောင်းတာ။ အညိုရောင်ဂျင်းပန့်နဲ့ ပိုလိုရှပ်အဖြူ
လေးကိုတွဲဝတ်ထားတာများ မင်းသားတွေတောင်
ရူံးလောက်ပါသည်။ဒါက ရူဘီ့ထက်အများကြီးငယ်
တဲ့ကလေးလေးပါတဲ့။''ရူဘီ ''
''မောင် စောင့်နေရတာကြာပြီလား''
''မကြာသေးပါဘူး၊ လာသွားကြမယ်''
မောင့်ရဲ့လက်ဖဝါးနုနုတစ်ဖက်ကိုကမ်းပေးလိုက်တော့ ရူဘီကလည်း အလိုက်တသင့်လေး ဖမ်းဆုပ်လိုက်တယ်။ ထို့နောက်ခြေလှမ်းတွေကိုနှေးနှေးမှန်မှန်
လှမ်းလိုက်ကြတယ်။''ရူဘီ ပင်ပန်းနေပြီလား''
''မပင်ပန်းပါဘူးမောင်ရဲ့၊ မောင်ရောဒီနေ့စာတွေသေ
ချာလိုက်လုပ်ရဲ့လား''''အင်း လုပ်ပါတယ်ရူဘီရဲ့၊ မောင်ကရူဘီ့စကားဆို
နားထောင်တာပဲကို''''တကယ်နော် စာမေးပွဲကနီးနေပြီဆိုတော့ မောင်
စာတွေကို ခုကတည်းကသေချာလုပ်မှအမှတ်
ကောင်းမှာ၊ မောင် နားမလည်တာရှိရင်ရူဘီ့ကိုမေး''''အာရီးဂူး မောင့်ရဲ့ဆရာမလေး က ေတာ့
ချစ်ဖို့ကောင်းလိုက်တာ''ဖက်ထုပ်လေးတွေကိုညှစ်ကာရန်ရှာတော့ ဆရာမလေးကနှုတ်ခမ်းဆူသည်။
''မောင်နော် ကလေးမှတ်နေတာလား ၊ ''
'' ကလေးပဲဟာကို မောင့် ကလေးလေးလေ''
မောင့်ရဲ့ ရူဘီဟာ နှုတ်ခမ်းဆူတာလေးကအစ
မြတ်နိူးဖွယ်ရာအတိ။'' ချစ်တယ်ရူဘီ၊ မောင့် ကိုလက်ခံပေးလို့ကျေးဇူး
တင်ပါတယ်'''' မောင် ကရူဘီ့နှလူံးသားကိုအရည်ပျော်အောင်
လုပ်နိုင်တယ်လေ၊ တို့ကတစ်ခါမချစ်ဖူးခဲ့ဘူးမောင်
မောင် ကတို့အတွက်ပထမဆူံးပဲ''
YOU ARE READING
ရှင်သန်ရာဤအရပ်ဝယ်
Fanfictionခံစားချက်တွေ အသက်ဝင် စေ မည့် မင်း ရှိရာအရပ်တွင်သာ ရှင်သန်ချင်သည်။ (ဒီ jenlisa ficလေးမှာတော့လီလီ့ကို boyနေရာမှာထည့်သွင်းရေးသားထားပါတယ်)