Unicode
"ဒူ.....ဒူ......ဒူ...."
ဘေးနားမှခုံပေါ်မှာတင်ထားသော ph၏မြည်သံအားဂရုမစိုက်စွာ
ပစ်မှတ်အားတည့်တည့်ချိန်လို့ လက်ချောင်းသွယ်သွယ်လေးတွေကကြိုးကိုပစ်လွှတ်လိုက်သည်"ဒုတ်"
ပစ်မှတ်တည့်တည့်သို့မြှားတံလေးရောက်သွားသည်နှင့်
ဂုဏ်ယူစွာပြုံးလိုက်မိသည့်အပြုံးလေးတစ်ပွင့်အဆက်မပြတ်မြည်နေတဲ့ phအားကောက်ကိုင်မိတော့ နှစ်ယောက်မရှိတဲ့သူငယ်ချင်းလေး
'အာ... ဟုတ်သားပဲ ငါမေ့နေတာ'အတွေးနဲ့အတူphအားကောက်ကိုင်လိုက်တော့
"ဟယ်လို""ဝမ်ရိပေါ် မင်းအခုဘယ်မှာလဲ ငါမင်းအိမ်ရှေ့မှာရောက်နေတာကြာလှပြီ ဟွန်းတီးလည်းထွက်မလာဘူး ဘယ်မှာသွားသေနေတာလဲ ငါ့မှာတော့ဒီသူငယ်ချင်းလေးတစ်ယောက်ပဲရှိတာဆိုပြီး မအားတဲ့ကြားက မင်းစုံစမ်းခိုင်းတာတွေကို အလုပ်ပျက်ခံ အအိပ်ပျက်ခံပြီးစုံစမ်းပေးထားရတာ မင်းကတော့ငါ့ကိုမေ့ပြီး......တီ...တီ..တီ..."
တစ်ဖက်မှအဆက်မပြတ်မမောတမ်းပြောနေတဲ့ကောင်အားအမြင်ကပ်ကပ်ဖြင့် phချပစ်သည်
မဟုတ်ရင်ပြောလို့ပြီးတော့မှာမဟုတ်
ဒါတောင်သူအိမ်မှာရှိနေတယ်ထင်နေလို့ သူသာအိမ်မှာမဟုတ်ဘူးဆိုတာသာသိသွားရင် ဒီထက်ကိုဆိုးမည်
ကားသော့ကိုယူလို့ ကားပါကင်ကိုအလျင်အမြန်ထွက်လာလိုက်သည် မဟုတ်ရင်နားပူတော့မှာ"ဝမ်ရိပေါ် မင်းနော် ဒီသူငယ်ချင်းလေးတစ်ယောက်ပဲရှိလို့ပေါ့ ဟွန့်"
"Sorry ပါကွာ အခုတလော ခေါင်းနည်းနည်း မကြည်သလိုဖြစ်နေလို့"
"ပြီးရော ရော့မင်းစုံစမ်းခိုင်းထားတဲ့ filesတွေ တချို့ကတော့အရမ်းကြာနေပြီမလို့ မှတ်တမ်းတွေရှာမရတော့ဘူး"
ရှေ့မှ filesတွဲအားဖွင့်ကာကြည့်မိတော့ စာရွက်တစ်ချို့ အတိအကျပြောရရင် မိတ္တူစာရွက်တစ်ချို့
"သူ့ရဲ့မူရင်းကဘယ်မှာလဲ""အာ့တော့ငါသေချာမသိဘူး အဲ့အဘိုးလည်းမသိဘူးတဲ့ လွန်ခဲ့တဲ့၁၅နှစ်လောက်က အဲ့အဘိုးရဲ့အဖေက အဲ့မိတ္တူတွေကိုပဲထားခဲ့ပြီး မူရင်းတွေကိုတော့ တစ်နေရာရာကိုယူသွားတယ်တဲ့ ဘယ်ကိုယူသွားလဲဆိုတာလဲမပြောခဲ့ဘူးတဲ့"
YOU ARE READING
Consort of the crazy prince(မင်းသားရူးရဲ့ကြင်ယာတော်)(Complete)