Part-9(ရှောင်းရှောင်း)

2.4K 166 9
                                        

Unicode

"ဝမ်ဝမ် ငါအဲ့တာလိုချင်တယ်"
သရဲပုံစံမျက်နှာဖုံးရုပ်တွေဖက်ကိုလက်ညိုးထိုးလို့ပြောလာတဲ့မင်းသားရှောင်းရဲ့ရှေ့ကိုပိတ်ရပ်လိုက်ကာ

"လူကြီးကအဲ့တာကြီးဘာလုပ်မလို့လဲ"

"လာခဲ့ ပြောပြမယ်"
သူနားလက်ယက်ခေါ်ကာ အနားကပ်ဖို့ပြောတာကြောင့် ရိပေါ်မင်းသားရှောင်းရှေ့ကိုပိုနီးကပ်စွာရပ်လိုက်တော့ မင်းသားရှောင်းကခါးကိုင်းလို့သူ့နားထဲကိုတိုးညှင်းစွာပြောလာသည်က

"ဒီလိုလေ ဘေးကလူတွေကချောတဲ့သူတွေမမြင်ဖူးလို့လားမသိဝူး ငါနဲ့ဝမ်ဝမ်ကိုတအားလိုက်ကြည့်ကြတာ အဲ့တာထပ်မကြည့်တော့အောင်လို့ အဲ့ရုပ်ဆိုးတဲ့မျက်နှာဖုံးတပ်သွားမလို့ "
မင်းသားရှောင်းအပြောအားရိပေါ်ခေါင်းငြိမ့်ထောက်ခံလိုက်ကာ

"ဟုတ်တယ် တစ်ယောက်တစ်ခုဝယ်သွားမယ် လာ"
နှစ်ယောက်သားထိုမျက်နှာဖုံးဆိုင်ကိုသွားလို့တစ်ယောက်တစ်ခုဝင်ရွေးလိုက်ကြသည်

ဘေးမှာရပ်နေတဲ့ မိန်ယင်း ကတော့အစကဟုတ်မလိုလိုနဲ့မဟုတ်တော့တဲ့နှစ်ယောက်အား ရပ်ကြည့်ရုံသာတတ်နိုင်သည်
မင်းသားရှောင်းကစိတ်ဝေဒနါရှိတာဆိုတော့ထားပါတော့ ဒါမဲ့ကြင်ယာတော်ကကြ မပြောတော့ပါဘူးနှစ်ယောက်ကလိုက်လဲလိုက်ပါတယ်

နှစ်ယောက်သားမျက်နှာဖုံးကိုယ်စီတပ်လို့
[ချင်းရန်] ဆေးဆိုင်ထဲသို့ဝင်လာလိုက်ကြသည်

ဝင်ဝင်ချင်းဆေးကောင်တာတွင် မိန်းကလေးတစ်ယောက်ဆေးပင်တွေကိုလိုအပ်သလိုရောနှောကာအလုပ်ရှုပ်နေသည်ထင် သူတို့နှစ်ယောက်ကိုသတိမထားမိ
ရိပေါ်ထိုမိန်းကလေးအားခေါ်ရန်ပါးစပ်ပြင်တုန်းရှိသေးထိုမိန်းကလေးမှမော့လာကာ သူတို့အားမြင်တော့

"အမလေး သရဲ "
ရင်ဘတ်ကိုဖိလို့အလန့်တကြားထအော်လာတော့သည်
ဘေးမှမင်းသားရှောင်းမှာတော့ဗိုက်နှိပ်ကာအော်ရီလို့

"ဘယ်.. ဘယ်သူတွေလဲ"
တကယ်လန့်နေပုံရတဲ့ကျဲကိုသူမျက်နှာဖုံးချွတ်လို့ရီပြလိုက်တော့

"အမလေး ရိပေါ်ရယ် ကျဲဖြင့်လန့်သွားတာပဲ နေ့ခင်းကြောင်တောင်ကြီးဓားပြများဝင်တိုက်တာလားလို့ "

Consort of the crazy prince(မင်းသားရူးရဲ့ကြင်ယာတော်)(Complete)Where stories live. Discover now