Part-26(စွဲဆောင်လွန်းသော)

2K 127 6
                                        

Unicode

"ယား... ယား... ယား..."

"မင်းပါးစပ်ကြီးကပဲပြဲနေအောင်အော်မနေနဲ့ လက်ကလည်းအားထည့်အုံး ဓားကိုဖြောင့်ဖြောင့်ကိုင် "

ဝါးဖြင့်ပြုလုပ်ထားသောဓားလေးအားတည့်တည့်ကိုင်စေရန် ပြင်ပေးမိတော့
အမောင်အမွေစိန်တို့နှုတ်ခမ်းဆူလာကာ

"ကျနော်ကအခုမှစသင်တာလေဗျာ စိတ်မရှည်တဲ့လေသံကြီးနဲ့လာပြောနေတယ် ကျ​နော် လည်းကောင်းကောင်းကြိုးစားပေးနေတာပဲကို"

ရိပေါ် မျက်ဖြူသာလှန်လိုက်မိသည်
ဒီမှာနေတာလဲကြာနေပြီ
သူလည်းအားနေမဲ့တူတူ ကလေးတွေကိုဓားသိုင်းလေးသင်ပေးမယ်ဆိုပြီးသင်ပေးနေတာ အမွေစိန်ကလည်းသူလည်းတတ်ချင်တယ်သူ့ကိုလည်းသင်ပေးပါဆိုလို့ ကလေးတွေနဲ့အတူသင်ပေးနေတာ အဲ့အမွေစိန် ဦးဏှောက်မကောင်းချက်က တစ်ကွက်လေးသင်ပေးထားတာ နှစ်ရက်ရှိပြီ အဲ့အကွက်ကိုသူအခုအထိမမှန်သေးဘူး

"ကျနော်မျိုးမှားပါတယ်နော် ကြင်ယာတော်လေး ဆက်လေ့ကျင့်ပါ ကျနော်ဘာမှမပြောတော့ပါဘူး သိလား"

ရွဲ့ကာပြောလို့ ခြေလှမ်းတွေက မင်းသားရှောင်းဆီသို့
သူ့အမျိုးသားလေးက သူ့ကို့ထမင်းလာပို့တယ်တဲ့လေ ဘယ်လောက်တောင်ချစ်စရာကောင်းလိုက်သလဲ

"ရှောင်း..."

အပြေးလေးသွားလို့ ဖက်မိတော့ ရှောင်းကလည်းသူ့ကိုပွေ့ချီလို့ တစ်ပတ်လှည့်သည်

"ဖြေးဖြေးလာလည်းရပါတယ် ချော်ချက်လဲနေမှဖြင့်"

"ဟီး ကျနော်ကရှောင်းကိုအရမ်းလွမ်းနေတော့ တွေ့တာနဲ့မပြေးလာပဲမနေနိုင်လို့"

သွားတန်းညီညီလေးတွေပေါ်သည်အထိ ရယ်ကာသူ့အားပြောလာတဲ့ကောင်လေးကြောင့် ရှောင်းကျန့်တစ်ယောက် ခေါင်းငုံ့လို့ပြုံးမိသည်
ရှက်သလို အသည်းလည်းယားပါရဲ့ ဘယ်သူမှသာမရှိရင် တအားတွေတတ်နေတဲ့နှုတ်ခမ်းလေးကို မလွှတ်တမ်းနမ်းမိမှာအမှန်

"အရမ်းတတ်တာပဲ မင်းလေးက"

နှာခေါင်းလုံးလုံးလေးကိုအသာထိလို့အသည်းယားစွာပြောမိတော့ ကောင်လေးကတစ်ဖန်ထပ်ပြုံးလာကာ

Consort of the crazy prince(မင်းသားရူးရဲ့ကြင်ယာတော်)(Complete)Where stories live. Discover now