Unicode
ခြေလှမ်းတွေကနှေးတုံ့စွာ
မိဖုရားယဲ့ရဲ့အဆောင်သို့လျှောက်လာနေရသည်
ဒီနေ့လည်းဘာလုပ်ခိုင်းအုံးမလဲမသိဝူး
အဲ့ကြင်ယာတော်ရွေးပွဲညကမိဖုရားကိုပစ်တဲ့မြှားကိုသူမတားခဲ့လိုက်သင့်ဘူး တွေးရင်းတွေးရင်းနောင်တတွေကတနင့်တပိုး
အဲ့နေ့ကစလို့နောက်ရက်တွေမိဖုရားယဲ့ကသူ့ကိုပိုပိုပြီးယုံကြည်ခင်တွယ်လာသည်
ယုံကြည်တာသူ့အတွက်ကောင်းပေမဲ့ခင်တွယ်တာကြ အရမ်းကိုအလုပ်ရှုပ်လွန်းသည်ဟုထင်မိတာအမှန်
အခုဆိုသူ့မှာကြင်ယာတော်ထက်ကိုပိုကြင်ယာတော်နေပြီ
သိုးမွေးလည်းထိုးတတ်ပြီ ရေမွေးအိတ်လည်းလုပ်တတ်ပြီ fancy လက်ကောက်လေးတွေလည်းလုပ်တတ်နေပြီ အဆိုးဆုံးမိတ်ကပ်ပါပြင်တတ်နေပြီ
မိဖုရားယဲ့ကသူအားတဲ့အချိန်တိုင်း သူ့ကိုခေါ် ပြီးရင်သူ့ကိုသူမလုပ်သမျှအကုန်သင်ပေးသည်
သူ့မှာမလုပ်ချင်ဘူးလဲမပြောရဲ ဘာလို့ဆို ဒီနန်းတော်ကြီးအပါအဝင်ရှောင်းအင်ပါယာတစ်ခုလုံးကိုချုပ်ကိုင်ထားတဲ့သူကသူမဖြစ်နေခြင်းကြောင့်ပင် သမိုင်းမှာသာမယ်မယ်ကြီးကချုပ်ကိုင်ထားသည်ဟုပြောထားပေမဲ့ပေါ့
မိဖုရားယဲ့ကမင်းသားရှောင်းကိုသာသေလောက်အောင်မုန်းတာ သူ့ကိုတော့သူမချစ်လှပါချည်ရဲ့ဆိုတဲ့အိမ်ရှေ့စံမိဖုရားထက်ကိုပင်ပိုအရေးပေးနေသည် အရင်ကမီးဖိုဆောင်ကိုအိမ်ရှေ့စံမိဖုရားကကြီးကြပ်ရပေမဲ့အခုတော့မီးဖိုဆောင်ကသူ့လက်အောက်မှာဖြစ်နေပြီ အားလုံးသူ့ခြေသူ့လက်အရင်ကမယ်မယ်ကြီးကိုပဲချက်ကျွေးရတာအခုတော့မိဖုရားယဲ့ပါအဆစ်တိုးလာခဲဲ့ပြီ...
"မယ်မယ် ဟိုအရူးကြင်ယာတော်ကိုမင်းကြီးရဲ့မယ်မယ်ကထပ်ပြီးအခေါ်တော်လွှတ်ပြန်ပြီတဲ့"
"တောက်"
ကပြာကယာဖြင့်ပြောလာတဲ့အထိန်းတော်မလေးရဲ့စကားကြောင့် သူမဟန်မဆောင်နိုင်စွာမျက်နှာပျက်ရသည်
အဲ့နေ့က အဲ့ဒီ့ကောင်သာဝင်မရှုပ်ရင် အခုသူမကမယ်မယ့်ဘေးနားကမယ်မယ့်ရဲ့ယုံကြည်ရတဲ့သူဖြစ်လာခဲ့မှာ
တကယ်တော့ကြင်ယာတော်ကြိုဆိုပွဲညကမယ်မယ့်ကိုလုပ်ကြံတဲ့သူကတခြားသူမဟုတ် သူမရဲ့ကိုယ်ရံတော်သူမချစ်သူဆိုလည်းမမှား
အဲ့နေ့ကမြားရဲ့ဦးတည်ချက်ကမယ်မယ့်ရဲ့လက်မောင်းကို ဒါပေမဲ့မယ်မယ့်ကိုမထိခင်မယ်မယ့်ဘေးမှာထိုင်နေတဲ့သူမကထိုမြှားချက်ကိုဝင်ကာပေးခဲ့မယ်ဆိုလျှင်မယ်မယ်ကသူမကိုပိုပိုပြီးအရေးပေးမယ်ဆိုတာသိလို့သူမတမင်လုပ်ကြံခဲ့ခြင်း ဒါပေမဲ့သူ့ပန်းတိုင်ကိုဆူးနံရံတစ်ခုကလာပြီးကာစီးလိမ့်မယ်လို့ဘယ်သူကထင်မှာလဲ
အဲ့ဆူးကသူမပန်းတိုင်ကိုမက သူမရဲ့ချစ်ရသူကိုပါအနာတရဖြစ်အောင်လုပ်ခဲ့တယ်
သူမအဲ့ဆူးကိုမရရတဲ့နည်းနဲ့ဖယ်ရလိမ့်မယ် သူမရဲ့အိမ်မက်ကဒီရှောင်းအင်ပါယာတစ်ခုလုံးကိုချုပ်ကိုင်ဖို့ပဲ အဲ့ဒီ့အတွက်သူမလမ်းမှာလာရှုပ်သမျှ မည်သူဖြစ်နေပါစေသူမရှင်းပစ်မှာ မယ်မယ်ဖြစ်နေရင်တောင်ပေါ့
YOU ARE READING
Consort of the crazy prince(မင်းသားရူးရဲ့ကြင်ယာတော်)(Complete)