Unicode
"စစ်ကျွေး ရော့"
သူ့လက်ထဲမှကြာပွတ်အား စစ်ကျွေးရဲ့လက်ထဲသို့ပေးမိတော့ စစ်ကျွေးကတစ်ချက်ကြောင်သွားဟန် သို့ပေမဲ့ ဘာမှပြန်မပြော ကြာပွတ်ကိုသာစိုက်ကြည့်နေသည်
"မင်းရဲ့ဒေါသတွေကိုဖြေဖျောက်လိုက် ဘာကိုမှဂရုစိုက်စရာမလိုဘူး အခုမင်းကအပြစ်သားကိုအပြစ်ပေးတာ အဲ့အတွက် ညှာတာနေစရာအကြောင်းမရှိဘူး"
စစ်ကျွေး ကြင်ယာတော်ရဲ့စကားတွေကြောင့် လက်ထဲမှကြာပွတ်ကိုတင်းတင်းဆုပ်ကိုင်မိသည်
ဟုတ်တယ် အပြစ်သားကိုအပြစ်ပေးမှာ
ကျင်းလင်အတွက်သူတွန့်ဆုတ်နေလို့မဖြစ်
အတွေးနဲ့အတူ မြင်ကွင်းထဲသို့ ခုနကကျင်းလင်ရဲ့မျက်နှာကပေါ်လာသည် နာကျင်နေတဲ့ကြားကသူ့ကိုပြုံးပြနေတာ သွေးအလိမ်းလိမ်းထွက်နေတာတောင် သူ့ကိုပြုံးပြနေတုန်း
အဲ့မြင်ကွင်းက သူ့နှလုံးသားကိုအစိမ်းလိုက်ခွဲ
နေ သလိုပင် သူ့မျက်လုံးထဲကမထွက်"ဖျောင်း...အား......"
အသံနှစ်သံကတစ်ပြိုင်နက်ထွက်လာခဲ့သည်
ရိပေါ် စစ်ကျွေးကိုကြည့်မိတော့ မျက်ခမ်းစပ်တွေနီရဲလို့ ကြာပွတ်ကိုတင်းတင်းဆုပ်ကိုင်ကာ နောက်ထပ်တစ်ချက်လွှဲရိုက်ရန် လက်ကိုမြောက်လို့ အားပြင်းပြင်းဖြင့် လွှဲရိုက်လိုက်သည်
ထို့နောက်အချက်ပေါင်းများစွာ
ရိပေါ်အချက်တွေကိုရေတွက်လို့ ရပ်သာကြည့်နေမိသည် သေချာပေါက် အချက်တစ်ရာပြည့်မှ သူစစ်ကျွေးကိုတားမည် မပြည့်မချင်း ဘယ်လောက်အားဖြင့်ရိုက်ရိုက်သူတားမည်မဟုတ် သေချာပေါက် ထိုက်သင့်တဲ့အပြစ်ကိုခံရတာမလို့
အစေခံမလေးကလည်းဟန်မဆောင်နိုင်စွာ အော်ငိုလို့တောင်းပန်နေပေမဲ့ စစ်ကျွေးကအရိုက်မပြတ်သလို သူကလည်းရေတွက်လို့မပြတ်
...
"တောက်... အား..... ခွမ်း... ခွမ်း........"
မျက်ရည်များဖြင့် ဒေါသထွက်စွာ အဆောင်ထဲမှရှိသမျှပစ္စည်းတွေကိုအကုန်ပစ်ခွဲနေမိသည်
အားချင်းက အစေခံတစ်ယောက်ဆိုပေမဲ့ သူ့အတွက်တော့ ညီမတစ်ယောက်လိုပင်
သူမလိုမျိုးမွေးစားသမီးကိုငယ်စဥ်ကတည်းက သခင်မလေးတစ်ယောက်လို အစ်မတစ်ယောက်လို ဆက်ဆံခဲ့တဲ့တစ်ဦးတည်းသောသူ
သူမကမောက်မာတယ် အာဏာမက်တယ်
ဒါပေမဲ့အကြောင်းအရင်းက သေချာပေါက် သူမရဲ့မွေးစားအဖေဂုဏ်ယူရအောင် သူမကြိုးစားနေခဲ့တာ သူမကသခင်မလေးတစ်ယောက်ဆိုပေမဲ့ ငယ်ငယ်ကတည်းက မွေးစားသမီးဆိုတဲ့အချက်ကြောင့် အမြဲအနှိင်ကျင့်ခံ အနှိမ်ခံခဲ့ရသည်
အသက်ကြီးလာတော့လဲ ကိုယ်မချစ်မနှစ်သက်တဲ့သူကို အာဏာအတွက်ကြောင့်ထိမ်းမြှားခဲ့ရသည် သူ့ဆန္ဒမပါပဲနဲ့ပေါ့ သူအတိုက်အခံလုပ်ခဲ့ပေမဲ့ သူမကိုနှိပ်စက်ပြီးရိုက်နှက်ခဲ့သလို သူမရဲ့ချစ်ရသူနဲ့ အားချင်းကိုလည်း မသေရုံတစ်မယ် နှိပ်စက်ခဲ့သည်
အဲ့အတွက်ကြောင့် သူမထိုနေရာကိုရအောင်ယူခဲ့ခြင်း သူမသေသွားသည်ကအရေးမကြီးပေမဲ့ သူမကိုဂရုစိုက်ပေးတဲ့သူတွေကိုတော့ သူမကြောင့်ဒုက္ခမရောက်စေချင်
အခုတော့ အားချင်းကသူမအတွက်ကြောင့်နဲ့ အခုလိုအဖြစ်ဆိုးနဲ့ကြုံခဲ့ရသည်
တောက် သူမခွင့်မလွှတ်နိုင် သေချာပေါက် သူတို့ပြန်ခံစားရလိမ့်မယ်
ပြန်ခံစားရအောင်လည်းသူမလုပ်မည်
YOU ARE READING
Consort of the crazy prince(မင်းသားရူးရဲ့ကြင်ယာတော်)(Complete)