Unicode
"ဟယ် အစောကြီးဘာလို့ထလာကြတာလဲ"
မနေ့ညကအစောကြီးအိပ်ကြတာကြောင့် မနက်အစောကြီးနိုးလာကြတာနဲ့ ကျဲတို့အိမ်ဖက်ကိုထွက်လာလိုက်ကြသည်
ကျဲမှသူ့ကိုကျော်လို့ရိပေါ်အနားသွားကာ
ရိပေါ်ရဲ့လက်ကိုဆွဲလို့ အိမ်ထဲသို့ခေါ်ဝင်သွားသည် ရှောင်းကျန့်နှာခေါင်းရှုံ့မိကာ ရိပေါ်နဲ့ကပ်ရပ်လိုက်လာလိုက်သည်"ထိုင် ရိပေါ်လေး "
"ဟုတ် ကျဲ ဒါနဲ့ဆရာရော"
အိမ်ထဲဝင်ကတည်းကဆရာ့ရဲ့အရိပ်အယောင်တောင်မတွေ့ရတာကြောင့် မေးမိတော့
ကျဲမှသူတို့အားနွားနို့တစ်ခွက်စီချပေးလို့"ပါးက မနက်ဆို အဖွဲ့ထဲကလူတွေနဲ့အတူကျန်းမာရေးအတွက်သက်လုံကောင်းအောင်ဆိုပြီးအဖွဲ့လိုက်ပြေးနေကြလေ မိုးလင်းမှပြန်လာတာ ပြီးရင်မနက်စာစား စားပြီးတာနဲ့ မရှာရသေးတဲ့နေရာတွေကိုရှာကြတာ ညနေစောင်းအထိပဲ "
ကျဲရဲ့အပြောကိုခေါင်းတငြိမ့်ငြိမ့်ဖြင့်
ဒါနဲ့သူဒီရွာထဲရောက်ကတည်းက မိန်းကလေးဆိုလို့ကျဲတစ်ယောက်တည်းကိုပဲတွေ့သေးသည်"ဒါနဲ့ကျဲ ဒီမှာတခြားမိသားစုဝင်တွေမရှိဘူးလား"
"မရှိဘူး ရိပေါ်ရဲ့ ဒီကလူတွေအကုန်လုံးက ရှောင်းနန်းတော်ရဲ့အရင်ကတပ်သားတွေပဲ ဒီမှာက ယာယီစခန်းချရုံပဲဆိုတော့ တခြားမိသားစုဝင်တွေကိုခေါ်မလာကြတော့ပဲ ကျဲတို့ရဲ့စခန်းမှာပဲထားခဲ့တာ "
"အော်.... "
ရိပေါ်ခေါင်းငြိမ့်လို့ရှေ့မှကျဲချပေးတဲ့ပေါက်စီ တစ်ခုကိုယူလို့ပါးစပ်ထဲထည့်လိုက်သည်
ရှောင်းကျန့်တစ်ယောက် စိတ်ကောက်နေမိသည်
ကျဲနဲ့တွေ့တော့သူ့ကိုအဖတ်မလုပ်တော့ပဲကျဲနဲ့ပဲစကားပြောနေတဲ့ရိပေါ်က သူပါလာမှန်းတောင်သိတော့ရဲ့လားမသိ
ကြေးမှုံကြည့်မနေပေမဲ့ အခုသူ့မျက်နှာအနေအထားကဆူပုပ်နေမှာအမှန်"မင်းသားရှောင်း"
အခုမှသူ့ကိုသတိရစွာခေါ်လာတဲ့ရိပေါ်ကြောင့် သူပျော်သွားပေမဲ့ ပိစိလေးမကျေနပ်သေးတာကြောင့်
YOU ARE READING
Consort of the crazy prince(မင်းသားရူးရဲ့ကြင်ယာတော်)(Complete)