Part-10(အရိပ်တပ်သား)

1.7K 133 3
                                    

Unicode

"ခများနဲ့မင်းသားရှောင်းနဲ့အရင်ပြန်နှင့်ပါ ကျနော်ဒီနားမှာဆေးမြစ်လေးတွေဝင်ကြည့်ချင်လို့"
နန်းတော်ထဲမရောက်ခင် စျေးတန်းရဲ့အဆုံးစွန်မှာရှိတဲ့ဆေးဆိုင်ရှေ့တွင်ရပ်လို့ပြောလိုက်တော့
ကိုယ်ရံတော်ရင်းမှသူ့အားနားမလည်သလိုကြည့်လာတာကြောင့်

"ဒီနယ်ကမဟုတ်တဲ့ရှားပါးဆေးမြစ်တွေပါ ဒီဆေးဆိုင်က နယ်ခြားဆေးမြစ်တွေသီးသန့်ရောင်းတာမလို့"

"ငါလည်းလိုက်မယ်လေ"
မင်းသားရှောင်းရဲ့အပြောအားသူခေါင်းခါပြလို့

"အချိန်မှီပြန်မရောက်လို့မရဘူး မိဖုရားယဲ့ကကိုယ်ရံတော်ရင်းကိုခိုင်းစရာရှိသေးတယ်တဲ့ ပြီးတော့လူကြီး အတွက်ကအပြင်မှာကြာကြာနေမယ် ဆိုအန္တရယ်များတယ် ကျနော်ကလည်းကြာအုံးမှာ အာ့ကြောင့်လူကြီးကကိုယ်ရံတော်ရင်းနဲ့အတူအရင်ပြန်နှင့်လိုက်ပါ ကျနော်မျိုးကလမ်းလည်းကောင်းကောင်းသိနေပြီမလို့ပြန်လာတတ်ပါတယ် အရင်ပြန်နှင့်လိုက်နော်"
ဆူပုပ်နေတဲ့မင်းသားရှောင်းအားခေါ်သွားဖို့ရာ ကိုယ်ရံတော်ရင်းအားအချက်ပြလိုက်တော့
သူ့အားခေါင်းငြိမ့်ပြလို့မင်းသားရှောင်းကိုသူမနဲ့အတူခေါ်သွားသည် မင်းသားရှောင်းမှာတော့သူ့အားမျက်နှာလေးငယ်ကာလှည့်ကြည့်လှည့်ကြည့်ဖြင့် မင်းသားရှောင်းတို့ရဲ့ပုံရိပ်တွေသူ့မြင်ကွင်းထဲကပျောက်သွားသည်နှင့်
သူဆေးဆိုင်ထဲသို့ဝင်သွားလိုက်သည်

ဆေးဆိုင်ကောင်တာမှာထိုင်နေတဲ့ဦးလေးကြီးကသူ့အားမြင်သည်နှင့်
"မင်းသားလေး"
ဟုခေါ်ကာအရိုအသေပြုလာတော့သည်

"ဘာထူးလဲ ဦးလေး"
သူထိုဦးလေးဘေးဝင်ထိုင်လို့မေးမိတော့ သူ့အမေးကိုသက်ပြင်းအသာချကာ

"ဟင်း အဲ့ဒီ့နားမှာလူနေတယ်ဆိုတဲ့အရိပ်အယောင်လုံးဝကိုမတွေ့ရဘူးတဲ့ ဒီအတ်ိုင်းတောကြီးတစ်ခုပဲတဲ့ ဒါမဲ့ထူးဆန်းတာကအဲ့နားမှာဝံပုလွေမျိုးနွယ်တစ်ခုရဲ့အရိပ်အယောင်တွေတော့တွေ့ရတယ်တဲ့ ဒါမဲ့အဲ့ဝံပုလွေတွေကိုတော့တကောင်တမြှီးမှမတွေ့ရဘူးလို့ပြောတယ် ကျနော်တို့လူတွေတစ်တောလုံးကိုနှံ့နေအောင်အကြိမ်ကြိမ် ရှာပြီးသွားပြီ အဲ့မှာရေတံခွန်တစ်ခုကလွှဲလို့ ကျန်တာအကုန်သစ်ပင်တွေပဲရှိတယ်တဲ့"
ဦးလေးရဲ့စကားအရှည်ကြီးဆုံးတာနဲ့သူလည်းပဲ သက်ပြင်းသာချလိုက်မိသည်
သူဒီအတောအတွင်းရှောင်ပြည်နဲ့ဝမ်ပြည် စစ်ပွဲကြားမှာလွှတ်မြောက်ခဲ့တဲ့သိုင်းပညာရှင်တွေ ဝမ်တိုင်းပြည်ထဲကသန်သန်မာမာအမျိုးသားတွေကိုစုစည်းပြီး စစ်ရေးလေ့ကျင့်ပေးနေခဲ့ခြင်း တလောကမှသိခဲ့ရတာက ဝမ်တိုင်းပြည်ရဲ့စစ်သူကြီးအသက်ရှင်ကျန်နေသေးတယ်ဆိုတာ ဒါမဲ့စစ်သူကြီးကလူသူအရောက်အပေါက်နည်းတဲ့မျိုးနွယ်စုတစ်ခုရဲ့ရွာမှာနေနေသည်တဲ့ သူစစ်သူကြီးဓားဓာဏ်ရာနဲ့ကျသွားခဲတဲ့မြစ်လမ်းကြောင်းအတိုင်းစုံစမ်းတော့ ထိုမြစ်ကယင်းဟွာမြို့ရဲ့အရှေ့ [အန်ကျင်း] တောထဲမှာဆုံးတယ်တဲ့ အဲ့တာကြောင့်သူလူတွေလွှတ်ကာထိုတောထဲကိုအကြိမ်ကြိမ် သွားရောက်ရှာဖွေစေခဲ့ပေမဲ့ ရလာဒ်ကအတူတူပင်

Consort of the crazy prince(မင်းသားရူးရဲ့ကြင်ယာတော်)(Complete)Where stories live. Discover now