Part-32(နေဝင်ချိန်လေးက လှလိုက်တာ)

1.1K 72 0
                                    

Unicode

"ရှောင်း ကျနော်တို့ သေရည်သောက်ရအောင်"

သူ့စကားကြောင့်ရှောင်းမှသူ့အားနားမလည်သလိုလေးကြည့်လာကာ

"မနက်ဖြန်ပဲစစ်ပွဲကစတော့မှာလေကြင်ယာတော်လေးရဲ့ ကိုယ်တို့ဒီညသေရည်သောက်လို့ဖြစ်ပါ့မလား"

"ဖြစ်ပါတယ် လာ"

သေရည်အိုးနှစ်အိုးကိုကိုယ်စီကိုင်လို့ လပြည့်ညဖြစ်တာကြောင့် ထိန်ထိန်သာနေတဲ့ လမင်းကြီးကိုကြည့်ကာ ဖြစ်လာမဲ့အနာဂတ်ကိုစဥ်းစားမိသည်
ဘာကြောင့်မှန်းမသိ သူဝမ်းနည်းနေမိကာ
အားရပါးရငိုပစ်ချင်သည်

"ရိပေါ် ဘာဖြစ်လို့လဲ နေမကောင်းလို့လား"

ပြောလည်းပြော သူ့နဖူးကိုလာစမ်းတဲ့ရှောင်းရဲ့လက်ကိုသူဆုပ်ကိုင်လိုက်လို့
အားတင်းပြုံးကာ ခေါင်းခါမိသည်

"သောက်လေ ရှောင်း ကျနော်တောင်ကုန်တော့မယ် ဒီည ဒီတစ်အိုးမကုန်ရင်မအိပ်ရဘူးနော်"

နှုတ်ခမ်းကိုဆူလို့ ခွေးပေါက်လေးလို ခေါင်းလေးကိုစောင်းကာပြောလာတဲ့ကြင်ယာတော်လေးကြောင့် သူရယ်လိုက်မိကာ လက်ထဲမှသေရည်ကိုတစ်ဝက်လောက်ထိမော့သောက်ပစ်လိုက်သည်

သူသောက်ပြီးသည်နှင့်ကြင်ယာတော်လေးကသူမထင်မှတ်ထားသည်ကိုလုပ်လိုက်တာကြောင့် ရှောင်းကျန့်ခမျာ ရင်ထဲမှာလိပ်ပြာတွေရော ငှက်တွေရော ပျံတတ်တဲ့အကောင်မှန်သမျှပျံသွားသလိုပင် ခန္ဓာကိုယ်ကအတောင့်လိုက်ဖြင့်မလှုပ်နိုင်တော့

မော့သောက်လိုက်တာကြောင့် သေရည်တွေကနှုတ်ခမ်းစပ်နားမှာရှိနေတော့ ရိပေါ်လက်နဲ့သုတ်ပေးမလို့လုပ်လိုက်ပေမဲ့ အကြံဇိုးလေးပေါ်လာတာကြောင့် ရှောင်းရဲ့နှုတ်ခမ်းမှသေရည်တွေကိုလျှာဖြင့်သုတ်ပေးလိုက်သည်
ဖြစ်သွားတဲ့ရှောင်းရဲ့မျက်နှာကြီးကရယ်ချင်စရာကောင်းလွန်းတာကြောင့် ရိပေါ်ခွက်ထိုးခွက်လန်ရယ်မိတော့

"မင်းလေးက ကိုယ့်ကိုနှလုံးအခုန်လွန်ပြီးသေသွားစေချင်တာလားဟမ် လာစမ်း အပြစ်ပေးမှရတော့မယ်ထင်တယ် ဟင်"

ပြောလည်းပြော သူ့ခါးကိုကိုင်ကာ ကလိလာထိုးတဲ့ရှောင်းကြောင့် ရိပေါ်အသက်ထွက်မတတ်ရယ်ရပါတော့သည်

Consort of the crazy prince(မင်းသားရူးရဲ့ကြင်ယာတော်)(Complete)Where stories live. Discover now