Part-8(it's me)

2.4K 191 12
                                        

Unicode

မယ်မယ်ကြီးကသူမနဲ့အတူသွားမယ်ပြောတာကြောင့်ရိပေါ်မယ်မယ်ကြီးအဆောင်သို့အရင်သွားလိုက်သည်
ရိပေါ်မယ်မယ်ကြီးဆီရောက်တော့ မိဖုရားယဲ့ရွင်းကလည်းအတူရှိနေသည် ထို့ကြောင့်နှစ်ယောက်စလုံးကိုဂါရဝပြုလိုက်ပြီး ငြိမ်ငြိမ်လေးသာရပ်နေလိုက်သည်
မိဖုရားယဲ့မှသူ့အားခေါင်းအစခြေအဆုံးမျက်မှောင်ကုပ်ကာကြည့်နေပြီး

"မင်းဒီအတိုင်းပဲသွားမှာလား ဘာမှမယူလာဘူးလား"
မိဖုရားယဲ့ပြောမှမယ်မယ်ကြီးကလည်းသူ့အားသေချာကြည့်ကာ

"ဟုတ်သားပဲ ဗြတ်စောင်းရော မယူလာခဲ့မိဘူးလား ပြန်သွားယူရင်ရသေးတယ် မယ်မယ်ကြီးတို့မသွားသေးဘူး"
သူမယ်မယ်ကြီးအားပြုံးသာပြုံးပြလိုက်ကာ

"လိုမှပဲခေါ်လိုက်ပါ့မယ် မယ်မယ်ကြီး မလိုသေးဘဲအခုယူလာမယ်ဆို ဟိုမှာကိုင်ထားရတာနဲ့အလုပ်ရှုပ်နေမှာ"
သူ့အပြောကိုနားမလည်သည့်နှယ် မယ်မယ်ကြီးနဲ့မိဖုရားယဲ့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လို့သာသူ့အားရီပြလာကြသည်
သူဘာမှဆက်ပြီးရှင်းပြမနေတော့ပဲဒီတိုင်းသာပြုံးပြီးခေါင်းငြိမ့်ပြလိုက်သည်

...

ခန်းမဆိုပေမဲ့လသာဆောင်ပုံစံမျိုး ကြင်ယာတော်ကြိုဆိုပွဲအတွက်သီးသန့်အဆောင်လို့ပဲပြောရမလား ခန့်မှန်းခြေလူ100ကျော်လောက်ဆန့်မယ်ထင်ရတဲ့ စားပွဲတန်းအရှည်ကြီးကိုမှဘေးမှာထိုင်စရာအခင်းတွေဖြင့် နှစ်တန်းခင်းထားသည် ​21ရာစုစကားနဲဲ့ပြောရမယ်ဆိုရင် dinnerပွဲလိုမျိုး
အခုရိပေါ်တို့သွားနေတဲ့အဆောင်ကြတော့ စားပွဲတန်းတွေမရှိပဲ အခင်းတွေသာခင်းထားသည်
'အရင်စားရမှာမဟုတ်ဘူးထင်တယ် ကျစ်ငါကစားရတော့မှာဆိုပြီးတစ်ညနေလုံးဘာမှကိုမစားထားတာ အခုတော့'

လှေကားထစ်တွေအတိုင်းလိုက်တက်သွားမိတော့ စကားသံတွေနဲ့ပြည့်နှက်နေတဲ့အဆောင်ကြီးကလုံးဝကိုငြိမ်ကျသွားကာ တပြိုင်နက် အားလုံးရဲ့အသံကတစ်သံတည်းထွက်ပေါ်လာသည်
"မယ်မယ်ကြီးနဲ့မိဖုရားခေါင်ကိုဂါရဝပြုပါတယ်"

အားလုံးကဂါရဝပြုကြတော့ မယ်မယ်ကြီးနဲ့မိဖုရားယဲ့ရဲ့နောက်မှာရှိနေတဲ့ရိပေါ်ကနေမထိထိုင်မသာဖြစ်ရသည် သူကဘာလုပ်ရမှာလဲတဲ့ သူတို့နဲ့ပဲဂါရဝလိုက်ပြုရမှာလား ဒါမဲ့သူကအရင်ဂါရဝပြုပြီးသွားပြီပဲဟာ ထပ်ပြုစရာမလိုလောက်တော့ပါဘူး
အတွေးလေးနဲ့အတူ ဒီတိုင်းသာရပ်နေလိုက်သည်

Consort of the crazy prince(မင်းသားရူးရဲ့ကြင်ယာတော်)(Complete)Where stories live. Discover now