Unicode
"မင်းနန်းတော်ရောက်ရင်လုံးဝအမှားလုပ်မိလို့မဖြစ်ဘူးနော် မင်းတွေ့ရမှာသာမန်လူတစ်ယောက်မဟုတ်ဘူး ဒီတိုင်းပြည်ကိုအုပ်ချုပ်နေတဲ့မင်းကြီးရဲ့မိခင် မယ်မယ်ကြီး"
နန်းတော်ကိုသွားသည့်လမ်းတွင် ကျဲရဲ့မိထွေးပြောလာတဲ့စကားကိုသူခေါင်းငြိမ့်လို့သာအဖြေပြန်ပေးလိုက်သည်
ကျဲမိထွေးဘေးမှာတော့ သူ့ရဲ့သမီး ရန်ဟွား
စရောက်တည်းကသူ့ကိုမျက်စောင်းတထိုးထိုး
ဖြင့်ကြည့်နေသည် အခုလည်းသူ့ကိုမနှစ်မြို့သည့်အကြည့်ဖြင့် သူဂရုမစိုက်ပါပဲ တစ်ဖက်ကိုသာ
လှည့်နေလိုက်သည်"ဒါနဲ့ ကျနော်ကအဲ့မယ်မယ်ကြီးကိုဘယ်လိုခေါ်ရမှာလဲ"
သူတကယ်ကိုသေချာမသိတာကြောင့်မေးမိတော့ ရန်ဟွားမှ"ဘာမယ်မယ်ကြီးလဲ မယ်မယ်ကြီးဆိုတာ ရင်းနှီးကျွမ်းဝင်တဲ့သူတွေနဲ့ မျိုးရိုးမြင့်တဲ့သူတွေပဲခေါ်
ခွင့်ရှိတာ မင်းလိုမျိုးရိုးနှိမ့်ကမယ်မယ်ကြီးရှေ့မှာမပြောနဲ့နောက်ကွယ်မှာတောင်ခုလိုခေါ်ခွင့်မရှိဘူး မင်းကိုယ့်အဆင့်ကိုယ်သိပါ မယ်မယ်ကြီးကို မိဖုရားကြီးလို့ပဲခေါ်ရမယ် ကြားလား"
ဘယ်လောက်ပဲမိန်းကလေးဖြစ်နေပေမဲ့ ဒီရန်ဟွားဆိုတဲ့မိန်းမကိုတော့ သူလှည်းပေါ်ကနေကန်ချပစ်ချင်မိသည်
မိန်းကလေးတွေကိုrespectထားရမှာမှန်ပေမဲ့ ဒီမိန်းကလေးကိုတော့သူမထားနိုင်"အဟင်း ရိုးရိုးပြောလည်းကျနော်နားလည်ပါတယ် ဒါပေမဲ့မျိုးရိုးမြင့်တယ်နိမ့်တယ် ဆိုတာကိုတော့လူတွေရဲ့စိတ်နေစိတ်ထားနဲ့ပဲ ဆုံးဖြတ်တတ်တဲ့သူမလို့လားမသိဝူး ကျနော့်ကိုယ်ကျနော်တော့အဆင့်အတန်းရှိတဲ့သူတစ်ယောက်လို့ပဲသတ်မှတ်ထားတယ် ဒါပေမဲ့စိတ်ချပါ မိဖုရားကြီးကိုတော့ကျနော်respectထားမှာပါ"
ဘိုလိုမှုတ်မိပြီးမှ သူပြောတာကိုနားမလည်လို့သူ့အားကြောင်ကြည့်နေကြတဲ့သားအမိနှစ်ယောက်အားသတိထားမိတာကြောင့်"လေးလေးစားစားဆက်ဆံမယ်လို့ပြောတာပါ"
"နေပါအုံး အဲ့ရီစပတ်ဆိုတာ ဘာ ဘာသာစကားလဲ"
ထိုအမေးကြောင့်ဝမ်ရိပေါ် တန်ပြန်ထိုးစစ်ဆင်ဖို့အခွင့်အရေးရသွားသည့်နှယ် နဖူးသို့ဝဲကျနေသည့်ဆံပင်အားလက်ညိုးလေးနဲ့အသာသပ်တင်လို့
YOU ARE READING
Consort of the crazy prince(မင်းသားရူးရဲ့ကြင်ယာတော်)(Complete)