Part_7(ရင်တုန်လှိုင်းလေးတဖြတ်)

2.4K 188 9
                                        

Unicode

ကြင်ယာတော်ကြိုဆိုပွဲနေ့မတိုင်ခင် ငါးရက်လောက်အလို မယ်မယ်ကြီးကအခေါ်တော်လွှတ်ပါတယ်ဆိုလို့သူနဲ့ကျိရန်မယ်မယ်ကြီးအဆောင်သို့သွားနေရသည်
ဘာတွေပြောမလို့လဲမသိဘူး စားစရာတစ်ခုခုစီ
စဥ်ခိုင်းမလို့လားပဲ
ဘာလို့ဆိုဒီကိုရောက်ပြီးနောက်တစ်နေ့မှာ ဖက်ထုပ်လေးလုပ်ကျွေးမိလိုက်ပါတယ်
သူ့အမေလက်ရာနဲ့တူလို့ဆိုပြီးဘာစားချင်ချင်သူ့ပဲလုပ်ခိုင်းတော့တာ ပြီးရင်လည်းသူပျင်းတိုင်းအခေါ်တော်လွှတ်တယ် ဘာလုပ်ခိုင်းလဲဆို စာဖတ်ခိုင်းတယ်တဲ့စာတောင်ကိုရီးယားစာဖတ်ခိုင်းတာ သူကိုကရှည်တာပါ ဖတ်တတ်လားမေးကတည်းကမဖတ်တတ်ဘူးလို့ဖြေလိုက်ရမှာ
သူကနန်းတော်ကိုအကြံအစည်နဲ့လာခဲ့တာအခုတော့နုနုယွယွကြင်ယာတော်လေးလာလုပ်နေရတယ် ဘာအကြံအစည်မှလည်းအကောင်အထည်မပေါ်သေးဘူး အကောင်အထည်ပေါ်တာဆိုလို့မင်းသားရှောင်းပဲရှိတယ် ဟိုတနေ့ကသူ့ရှေ့မှာဘောင်းဘီကျွတ်ကျတာရီလိုက်ရတာဆိုတာ အံမယ်သူကတော့ရှက်ပြီးရေချိုးဆောင်ထဲပြေးဝင်သွားတယ်ဆိုပဲ ဒါနဲ့အရူးကရှက်တတ်လို့လားနော်

...

"မယ်မယ်ကြီးကိုဂါရဝပြုပါတယ်"
ရှေ့မှ စားပွဲတစ်နည်းသစ်သားဆိုဖာပေါ်မှာထိုင်ကာချည်ထိုးနေတဲ့မယ်မယ်ကြီးကိုဂါဝရပြုလိုက်တော့ ချည်ထိုးနေသည်ကိုဘေးခဏချကာ သူမဘေးနားမှလွတ်နေတဲ့ခုံနေရာအားပုတ်ပြလို့

"လာ ထိုင်ပါအုံး"

"ဟုတ် မယ်မယ်ကြီး"
သူမယ်မယ်ကြီးရဲ့ဘေးနေရာတွင် ဝင်ထိုင်လိုက်ကာ

"မယ်မယ်ကြီး တစ်ခုခုစားချင်လို့များလား ကျနော်မျိုးဘာလုပ်ပေးရမလဲ"
ထိုသို့မေးမိတော့မယ်မယ်ကြီးမှခပ်ဖွဖွအပြုံးလေးဖြင့် သူ့လက်အားဆုပ်ကိုင်လာကာ

"မယ်မယ်ကြီးကအစားအသောက်ပြင်ဆင်ခိုင်းမလို့မဟုတ်ပါဘူးကွယ် ကြင်ယာတော်ကြိုဆိုပွဲအတွက်"

"ကြင်ယာတော်ကြိုဆိုပွဲအတွက်..."
သူနားမလည်စွာသံယောင်လိုက်လို့ပြန်မေးမိတော့

"ဟုတ်တယ် ရိအာအနေနဲ့ကြင်ယာတော်ကြိုဆိုပွဲမှာလိုအပ်တဲ့ပစ္စည်းတွေမှန်သမျှမယ်မယ်ကြီးကိုပြော အကုန် စီစဥ်ပေးမယ်"
ရိပေါ်သဘောပေါက်သွားရကာ နှုတ်ခမ်းထက်အပြုံးလေးတစ်ခုချိတ်ဆွဲလျက်

Consort of the crazy prince(မင်းသားရူးရဲ့ကြင်ယာတော်)(Complete)Where stories live. Discover now