Part-25(မင်းသားရှောင်းရဲ့အချစ်ကလေး)

2K 137 5
                                        


Unicode

"မင်းသားလေး..."

လက်ထဲမှတောင်းကြီးပြုတ်ကျသည်အထိ အံ့သြစွာဖြင့်သူ့အားကြည့်လာတဲ့လူကြီး

စစ်သူကြီးဝမ်တစ်ဖြစ်သူ့ရဲ့ဦးလေးဆိုလည်းမမှား
သူမြင်ဖူးလို့တော့မဟုတ်ပေမဲ့ အခုreactionအရဆို စစ်သူကြီးဝမ်ပဲလေ ပြီးတော့နန်းတွင်းမှာရှိသမျှအစေခံတွေ ရဲမက်တွေ အမတ်တွေ အားလုံးက သူ့ကိုအိမ်ရှေ့စံလို့ပဲခေါ်ကြတာရယ် စစ်သူကြီးဝမ်တစ်ယောက်ပဲသူ့ကိုမင်းသားလေးလို့ခေါ်တာ

သူဘာလို့ဒါတွေသိနေရတာလဲဆို
စုံစမ်းထားလို့ပေါ့

"ဝမ်ဦးလေး..."

"မင်းသားလေး မင်းသားလေးအသက်ရှင်နေသေးတယ်"

သူ့အနားသို့အပြေးလာကာ သူ့လက်မောင်းနှစ်ဖက်ကိုဆုပ်ကိုင်လို့ပြောလာတဲ့စစ်သူကြီးဝမ်အား သူအပြုံးလေးဖြင့်ခေါင်းအသာငြိမ့်ပြလိုက်သည်

"ဝမ်ဦးလေး ကျနော်အကူအညီလိုတယ်"

စကားတွေမရှည်ချင်တော့တာကြောင့်သူတိုက်ရိုက်ပဲပြောလိုက်သည်
သူ့စကားကိုကြားပြီး စစ်သူကြီးဝမ်ကသက်ပြင်းအသာချကာ

"လာ အိမ်ထဲဝင်ထိုင်ကြအုံး"

ဝံပုလွေမိသားစုကနားလည်သည့်နှယ် ခြံဝန်းထဲမှထွက်သွားကြသည်
သူနဲ့မင်းသားရှောင်းလည်း ဝမ်စစ်သူကြီးနောက်လိုက်ဝင်လာလိုက်သည်
ထိုတော့မှမင်းသားရှောင်းကလည်း သူ့နားကနေခွာသွားသည် ခုနကအရမ်းကပ်နေလို့ သူ့ကိုတအားချစ်တယ်မထင်ပါနဲ့ အမှန်ကခွေးကြောက်လို့ရယ်

"ဘာအကူအညီလိုတာလဲ ဦးလေးဘာကူညီပေးရမလဲ"

တက်ကြွစွာပြောလာတဲ့ဝမ်စစ်သူကြီးကြောင့် ရိပေါ်ရင်ထဲကအလုံးကြီးကျသွားရသည်
သူတော်တော်လေးကိုပြောယူရမယ်လို့ထင်ထားခဲ့တာ ဘာလို့ဆို စစ်သူကြီးဝမ်ကလုံးဝကိုပျောက်ကွယ်သွားခဲ့တာမလို့
အတိတ်မေ့နေတာများလား ဒါမှမဟုတ် အေးအေးချမ်းချမ်းပဲနေချင်တော့တာကြောင့် ဒီမှာပဲပုန်းကွယ်နေခဲ့တာလားလို့ပေါ့

"ဒါနဲ့ စစ်သူ.. အဲ့ ဝမ်ဦးလေးကဘာလို့ ဒီမှာပဲဆက်ပြီးနေနေခဲ့တာလဲ ဒဏ်ရာကအရမ်းပြင်းထန်ခဲ့လို့လား"

Consort of the crazy prince(မင်းသားရူးရဲ့ကြင်ယာတော်)(Complete)Where stories live. Discover now